မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူရန် အေစီမီလန် ပစ်မှတ်ထား

1.6K
အေစီမီလန်အသင်းဟာ မန်ယူနောက်ခံလူ အဲရစ်ဘိုင်လီကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အဲရစ်ဘိုင်လီဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး နည်းပြမော်ရင်ဟိုနဲ့လည်း အဆင်မပြေ ဖြစ်နေတာပါ။
ဒီအခြေအနေကို အေစီမီလန်အသင်းက စောင့်ကြည့်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီမှာ အပြီးသတ်ခေါ်ယူခွင့် မရခဲ့ရင်တောင် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်လီဟာ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲလ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာတာပါ။
ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အမှားများခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုရဲ့ ယုံကြည်မှု မရတော့ဘဲ နောက်ပိုင်းပွဲတွေမှာ ပွဲထွက်မရတော့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဘိုင်လီအပြင် စပါးနောက်ခံလူ အန်ဒါဝီရယ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။