A d v e r t i s e m e n t With Us

ဟယ်ရီကိန်း၏ သွင်းဂိုး ၂ ဂိုးဖြင့် စပါးက ပီအက်စ်ဗွီကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဘီ ပွဲစဉ် ၄ အဖြစ် အင်္ဂလန်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ နယ်သာလန်ကလပ် ပီအက်စ်ဗွီတို့ မနေ့ညက ယှဉ်ပြိုင်ရာ စပါးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုနိုင်ပွဲဟာ စပါးအသင်းအတွက် ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ မသေချာတဲ့ အခြေအနေကြောင့် အုပ်စု တတိယနေရာရရေး အခုပွဲကို အားစိုက်ကစားခဲ့ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီ၊ လူးကပ်စ်မော်ရာ၊ အဲရစ်ဆင် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက် ကန်သွင်းခွင့် အသာစီး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖွင့်ဂိုးကိုတော့ ဧည့်သည် ပီအက်စ်ဗီအသင်းက ရသွားတာဖြစ်ပြီး ပွဲအစ ၂ မိနစ်မှာပဲ ထောင့်ကန်ဘောကတဆင့် ဒီဂျောင်က ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။ စပါးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ဒုတိယပိုင်းမှ သွင်းယူနိုင်ခဲ့ပြီး ၇၈ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်တဲ့ အုပ်စု ဘီ တခြားပွဲစဉ်အဖြစ် နာမည်ကြီး အင်တာမီလန်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်မှာတော့ တဂိုးစီ သရေကျသွားပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာ မဲလ်ကွန်က ဘာစီလိုနာအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၈၇ မိနစ်မှာ အင်တာတိုက်စစ်မှူး အီကာဒီက ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ တဂိုးစီ သရေကျသွားပါတယ်။ ဒီအုပ်စုက လေးပွဲစီ ကစားအပြီးမှာတော့ ဘာစီလိုနာက ရမှတ် ၁၀ မှတ်နဲ့ အုပ်စုထိပ်ဆုံးက ဦးဆောင်နေပြီး အင်တာက ၇ မှတ်နဲ့ အုပ်စု ဒုတိယ၊ စပါးက ၄ မှတ်နဲ့ တတိယ၊ ပီအက်စ်ဗွီက ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up