Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီက ဆန် ၁ ပြည်ကို ပေါက်ဈေးထက် ကျပ် ၃၀၀ ဈေးလျှော့ရောင်းပေးနေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 6, 2018
နေပြည်တော်ကောင်စီ ၈ မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆန် ၁ ပြည်ကို ကာလပေါက်ဈေးထက် ကျပ် ၃၀၀ နှုန်း ဈေးလျော့ပြီး ရောင်းချပေးနေပါတယ်။ အဲ့ဒီလို ရောင်းချတဲ့နေရာမှာ လူတဦးကို ၅ ပြည်နှုန်းသာ ရောင်းချပေးမှာဖြစ်ပြီး ဝယ်ယူမှု မြင့်တက်လာပါက ဆန်ကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ရောင်းချပေးနိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ဇမ္ဗူသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပါတယ်။ “ကျနော်တို့ အခုလို ရောင်းချပေးတာ ပါတီစည်းရုံးရေးသဘော မဟုတ်ပါဘူး။ ပြည်သူတွေ ခက်ခဲကျပ်တည်းနေချိန်မှာ ကျနော်တို့က ကူညီချင်တဲ့သဘောပါ။ အမြတ်မယူဘဲ အရင်းအတိုင်း ရောင်းချပေးတာ ပြည်သူတွေ အကျိုးအမြတ်ရှိရင်ကို ကျေနပ်ပါတယ်။” နိုဝင်ဘာ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်းကျေးရွာမှာ မနောသုခဆန် တပြည်ကို ကျပ် ၁၁၀၀ နှုန်းနဲ့ ၂၄ ပြည်ဝင် အိတ် ၂၀ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲက ကျေးရွာတချို့မှာ အခုလို ရောင်းချပေးခဲ့တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024