A d v e r t i s e m e n t With Us

တောင်ကြီး မီးပုံးပျံပြိုင်​ပွဲ မကျင်းပမီ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ စစ်ဆေး

တောင်​ကြီးတန်​​ဆောင်​တိုင်​ မီးပုံးပျံပြိုင်​ပွဲ ကျင်းပဖို့ ရက်​ပိုင်းသာလို​တော့တဲ့အတွက်​ မီး​ဘေးအန္တရယ်​ကင်းရှင်းဖို့ တာဝန်​ရှိသူ​တွေက​ ရပ်​ကွက်​တွင်း မီးပုံးပျံလုပ်​တဲ့​နေရာမှာ ဒီ​နေ့စတင်​ ကွင်းဆင်းစစ်​​ဆေး​နေပါတယ်။ တန်​ဖိုးသိန်း ၅ဝ ကုန်​ကျတဲ့ မီးပုံးပျံကို ခဏအတွင်း မီး​လောင်​ပျက်​စီးမသွား​အောင်​ သတိထားသင့်တဲ့အရာ​တွေ ပြင်​ဆင်​ရမယ့် ​အရာ​တွေကို မီးပုံးပျံပညာရှင်​အသင်း ဥက္ကဋ္ဌ၊ မီးသတ်​တပ်​ဖွဲ့ နဲ့ ရဲတပ်​ဖွဲ့​တွေက ကွင်းဆင်းစစ်​​ဆေး​နေတာပါ။ မီးပုံးပျံ ပြုလုပ်​​နေစဉ်​ နှစ်​စဉ်​မီး​လောင်​မှုဖြစ်​ပွားပြီး များစွာဆုံးရှုံးခဲ့​တာတွေရှိပေမယ့်​ ဒီနှစ်​မှာတော့ သတိဝိရိယနဲ့ စည်းကမ်း ပိုမိုထားတဲ့အတွက်​ မီး​လောင်​မှု ဖြစ်​ပွားတာ မရှိ​သေးပါဘူး ဒါ့အပြင်​ ​တောင်​ကြီး တန်​​ဆောင်​တိုင် ​မီးပုံးပျံပြိုင်​ပွဲကို ရိုးရာမီးပုံးပျံပြိုင်​ပွဲအဖြစ်​ ယူနက်​စကိုက သတ်​မှတ်​​ပေးနိုင်​ဖို့ ပြိုင်​ပွဲဝင် ​မီးပုံးပျံ​တွေကို ရိုးရာသုံးပစ္စည်းနဲ့သာ ယှဉ်​ပြိုင်​ခွင့်ပြုထားတယ်​လို့ သိရပါတယ်​။ ဒီနှစ်​​တောင်​ကြီး တန်​​ဆောင်​တိုင်​ မီးပုံးပျံပြိုင်​ပွဲမှာ ညမီးကြီး မီးပုံးပျံ အမျိုးအစား ၈၁ လုံး၊ စိန်​နားပန်​ ၄၂ လုံး၊ ​နေ့လွတ်​အရုပ်​ အုပ်​စု ၄၂လုံး၊ ​ခြေ၂ ​ချောင်းအရုပ်​ ၁၅၆ လုံး၊ ​ခြေ ၄ ​ချောင်း ၈၉ စုစု​ပေါင်း ၄၁ဝ လုံး ဝင်​​ရောက်​ယှဉ်​ပြိုင်​သွားမှာဖြစ်​ပါတယ်​။ ​    ​တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲ​တော်​ကို ​နိုဝင်​ဘာ ၁၄ ရက်​မှစတင်​ပြီး နိုဝင်​ဘာ ၂၃ ရက်​​နေ့အထိ ၁ဝ ရက်​တိတိ ကျင်းပသွားမှာဖြစ်​ပါတယ်​။ ခွန်​ရာဇာ

A d v e r t i s e m e n t With Us

More News
Up