DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီရုပ်သံ ပြည်တွင်းသတင်းထောက်တဦး တရားစွဲခံရ
DVB
·
August 26, 2012
ဒီဗွီဘီရုပ်သံ ပြည်တွင်းသတင်းထောက်တဦး တရားစွဲခံရ
Donate to DVB

မကွေးမြို့က ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ ရုပ်သံသတင်းထောက် ကိုသူရ သက်တင် ခေါ် ကိုဇော်ဖေနဲ့ သူ့ရဲ့မိတ်ဆွေ ကိုဝင်းမြင့်လှိုင် ခေါ် ကိုလှိုင်လှိုင်တို့ကို  မကွေးတိုင်း လက်ထောက်ပညာရေးမှူးက တရားစွဲထားတယ်ဆိုပြီး ရဲစခန်းက ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့က ပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲထားရာက ဒီနေ့ မနက်မှာတော့ ပုဒ်မ ၄၄၈ ပိုင်နက် ကျူးလွန်မှုနဲ့ပါ နောက်ထပ်အမှုတခု ထပ်တိုးပြီး တရားစွဲဆိုထားတဲ့အကြောင်း ရဲစခန်းက ဆင့်ခေါ်အသိပေးခဲ့တာလို့ ကိုဇော်ဖေ က ပြောပါတယ်။

ဒီဗွီဘီရုပ်သံ သတင်းထောက် ကိုဇော်ဖေ နဲ့ သူ့ရဲ့မိတ်ဆွေ ကိုလှိုင်လှိုင်တို့ ဟာ ဂျပန်နိုင်ငံ ဖောင်ဒေးရှင်းတခုက မြန်မာကျောင်းသားတွေကိုပေးတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကွေးမြို့ တိုင်းပညာရေးမှူးရုံးမှာ ဩဂုတ် ၂၄ ရက်နေ့က သွားရောက် သတင်းယူမေးမြန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းလက်ထောက် ပညာရေးမှူးက ၀တ္တရား နှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။

ကိုဇော်ဖေတို့ကို မကွေးမြို့ ရဲစခန်းက စနေနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီလောက်ထိ ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ကိုဇော်ဖေရဲ့ ဗွီဒီယို ကင်မရာနဲ့ သတင်းထောက်ကတ်တွေ သိမ်းယူသွားခဲ့တယ်လို့ ကိုဇော်ဖေက ပြော ပါတယ်။၏

“စခန်းကနေ ကျနော့်ကို လှမ်းအကြောင်းကြားပါတယ်။ လက်ထောက် တိုင်းပညာရေးမှူးကနေ တရားလိုလုပ်ပြီးတော့ ကျနော့်တို့ကို ၀တ္တရားနှောင့်ယှက်မှုနဲ့ ကျနော်နဲ့ ကျနော့်မိတ်ဆွေ ကျောင်းသားမိဘ ကိုလှိုင်လှိုင်ကို တရားစွဲပါတယ်။ အခု ရဲစခန်းမှာ သွားပြီးတော့ ကျနော့်ကိုယ်ရေးအကြောင်းတွေ၊ ကျနော့်ကို အမှုစစ်တာပေါ့နော်၊ စစ်ကြောရေးတွေမှာ ကျနော့်ကို ၀င်ခိုင်းပြီးတော့ ခု  ကျနော့်မိတ်ဆွေတွေက အာမခံပေးပြီးတော့ ကျနော်တို့ ပြန်လာတယ်။ ကျနော့် ကင်မရာရယ်၊ ကျနော့်ဝန်ထမ်းကတ်၊ လည်ပင်းမှာစွဲထားတဲ့ ဒီဗွီဘီက ၀န်ထမ်းကတ်၊ မန်မိုရီကတ်ကလေးရယ် အားလုံးသိမ်းထားလိုက်ပါတယ်။”

မနေ့က ညနေပိုင်းမှာ ကိုဇော်ဖေတို့နှစ်ဦးကို မိတ်ဆွေနှစ်ဦးရဲ့ အာမခံမှုနဲ့ ရဲစခန်းက  ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုဇော်ဖေကတော့ ရှေ့နေနဲ့တိုင်ပင်ပြီး အမှုရင်ဆိုင်ဖို့ စီစဉ်နေပါတယ်။

ဒီဗွီဘီသတင်းထောက်ကို တိုင်ချက်ဖွင့်ထားတဲ့ကိစ္စနဲ့ ဗွီဒီယိုကင်မရာ သိမ်းထား တဲ့ ကိစ္စ မကွေးအမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ တာဝန်ကျ ရဲအရာရှိတဦးက တိုင်ချက်ဖွင့်ထားကြောင်းသာ အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013