DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြန်မာအစိုးရ ရုတ်တရက်ရွှေ့ဆိုင်း
DVB
·
August 26, 2012
ကေအန်ယူနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြန်မာအစိုးရ ရုတ်တရက်ရွှေ့ဆိုင်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ အကြား တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးတွေကျင်းပမယ့် အစီစဉ်ကို မြန်မာအစိုးရဘက်က အကြောင်းပြချက်မပေးဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ကေအန်ယူက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ထိ ကရင်ပြည်နယ် ဘားအံမြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ်ကို အစိုးရဘက်က ဆိုင်းငံ့ထားလိုက်တာလို့ ဩဂုတ်လ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကေအန်ယူ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_29793" align="alignright" width="300" caption="ကေအန်ယူနှင့်အစိုးရ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြစဉ်"][/caption]

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုင်းငံ့ထားတဲ့ကိစ္စကို အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်က ကေအန်ယူကို နုက်နဲ့ အကြောင်းကြားလာ တာလို့ ကေအန်ယူြ ငိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ပြောပါတယ်။

“ကျမတို့ကို အကြောင်းပြချက် တရားဝင်ပေးတာလည်း ဘာမှမရှိပါဘူး။ မအားလို့၊ တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့၊ ၂၇ ရက်နေ့အစည်းအဝေးက မဖြစ်နိုင်တော့ဘူးဆိုတာကိုပဲ ပြောပါတယ်။ တခြား တိတိကျကျ တရားဝင်အကြောင်းကြားချက် ဘာမှမပေးပါဘူး။ အစိုးရကိုယ်စား ကျမတို့နဲ့ ဆက်သွယ်နေတဲ့ တာဝန်ရှိတဲ့သူကိုယ်တိုင် ပြောတာဖြစ်ပါတယ်။ ”

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို အစိုးရဘက်က လာမယ့် စက်တင်ဘာ ၈ ရက်မှာ ကျင်းပဖို့ ရက်ရွှေ့လိုက်ပေမယ့် ကေအန်ယူအဖွဲ့အနေနဲ့ အဲဒီရက်မှာ သွားရောက်နိုင်ငံခြင်း ရှိမရှိ မဆုံးဖြတ်ရသေးဘူးလို့ ကေအန်ယူက ပြောပါတယ်။

တတိယအကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အချိန်နဲ့နေရာကို ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့မှာ နှစ်ဘက်ကြိုညှိနှိုင်း သဘောတူထားတာဖြစ်ပြီး ခုလို မူလ စီစဉ်ထားတဲ့အတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မကျင်းပနိုင်တဲ့အပေါ် ကေအန်ယူအနေနဲ့ စိတ်ပျက်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲ ရွှေ့ဆိုင်းမှုကြောင့် နှစ်ဖက်ရထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှု ရှိမရှိနဲ့ ပတ်သက်ပြီး နော်မေဦးက ခုလိုပြောပါတယ်။

“ပြောင်းတာက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်လိုပြောင်းကြသလဲ၊ ညှိနှိုင်းပြီးပြောင်းတာလား၊ တဖက်သတ်ပြောင်းတာလားဆိုတာက ပြောစရာဖြစ်တယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို အန္တရာယ်ပြုပြီးတော့ ပျက်ပြားသွားစေမယ့်အထိတော့ ဒီရက်အရွှေ့အပြောင်းက မဖြစ်ပါဘူး။ အဓိကကတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ကျမတို့က စိုးရိမ်တယ်။ ပြည်သူတွေက ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်အပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ရှိနေပြီလဲ၊ အခုလို ရုတ်တရက် ရက်အရွှေ့အပြောင်း လုပ်တာဟာ ပြည်သူတွေက ဘယ်လို နားလည်မှာလဲဆိုတာ ကျမတို့က စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ကေအန်ယူက တတိယအကြိမ် ဆွေးနွေးပွဲသွားမယ်ဆိုတော့ ဒါဟာ ကရင်လူထုတွေ ဘားအံမှာရော၊ ရန်ကုန်မှာရော ပြင်ဆင်ထားပြီးသား။ နောက်ပြီး ဖော်ဆောင်ရေးလုပ်ငန်းစဉ်တခုလုံး မှာလည်း တခြားပြည်သူတွေလိုပဲ ကရင်တမျိုးသားလုံးက မျှော်လင့်ချက်တွေရှိတယ်။ အနီးကပ်မှ ကသိကအောက်ဖြစ်အောင် လုပ်တာက ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိုးဆွသလိုဖြစ်နေတယ်လို့ ယူဆတယ်။”

ကေအန်ယူနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့တို့အကြား ပြီးခဲ့တဲ့ဧပြီလက ရန်ကုန်မှာ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကျင်းပခဲ့ပြီး ပြည်ထောင်စု အဆင့်  အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဆွေးနွေးပွဲကနေ  နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ် စည်းကမ်းတွေ ကိစ္စနဲ့ တပ်တွေ နေရာပြန်လည်ချထားရေးကိစ္စတွေနဲ့ပတ်သက်ပြီး နောက်တကြိမ် ပြုလုပ်မယ့် တတိယအကြိမ် ဆွေးနွေးပွဲမှာ ညှိနှိုင်းဆွေးနွေးသွားကြဖို့ သဘော တူညီမှု ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013