A d v e r t i s e m e n t With Us

ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ တိုက်စစ်မှူး မိုရာတာက သွင်းယူပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုးကို ၅၃ မိနစ်မှာ တောင်ဆန်က သွင်းယူပါတယ်။ ချဲလ်ဆီးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့် ၆ ကြိမ် ရခဲ့ပြီး ဆောက်သမ်တန်က ၂ ကြိမ် ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို စပိန်တိုက်စစ်မှူး မိုရာတာကပဲ ၆၅ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ မိုရာတာက အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ အပိတ်ဂိုးကိုတော့ မိနစ် ၇၀ မှာ ပက်ဒရိုက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၂၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ခရစ္စတယ်ပဲ့လေစ်က ၈ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up