အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Goodwill စတိုးတခုရဲ့ ဝန်ထမ်းတဦးဟာ စတိုးဆိုင်ကို ရောက်ရှိလာတဲ့ လှူဒါန်းပစ္စည်းတွေကို ခွဲခြားနေရင်းနဲ့ မျှော်လင့်မထားတဲ့ ပစ္စည်းတခုကို ရှာတွေ့ခဲ့ရပါတယ်။
အဲ့ဒါကတော့ အဝါရောင် အကွက်အကွက်တွေနဲ့ စပါးကြီးမြွေအရှင်တစ်ကောင်ပဲဖြစ်ပါတယ်။
ဒီမြွေကြီးကို လှူဒါန်းပစ္စည်း အုပ်စုထဲမှာရှိတဲ့ စက္ကူပုံးတခုထဲက ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီကောင်ကြီးကို တွေ့တွေ့ခြင်း တော်တော်လေးကို ထိတ်လန့်သွားခဲ့ရတယ်လို့ စတိုးဆိုင်ဝန်ထမ်းက ပြောပါတယ်။
“ကျနော် စက္ကူပုံးကို ဖွင့်လိုက်တော့ မြွေကြီးရဲ့ ခေါင်းကြီးထွက်လာပါတယ်။ ပထမတော့ ဒါကို အရုပ်ကြီးလို့ ထင်ခဲ့ပေမယ့် တကယ်တော့ မြွေအရှင်ကြီးဖြစ်နေတယ်” လို့ စတိုးဆိုင်ဝန်ထမ်း ရော်ဂျာကပြောပါတယ်။
လက်ရှိအချိန်မှာ မြွေကြီး ဘယ်ကနေဘယ်လို လှူဒါန်းပစ္စည်းတွေထဲ ရောက်လာလဲဆိုတာကို စုံစမ်းနေပြီး မြွေကြီးကို ရည်ရွယ်ချက်ရှိရှိနဲ့ ပုံးထဲထည့်ပြီး စတိုးဆိုင်ကို ပို့လိုက်သလားဆိုတာတော့ မသိရသေးဘူးလို့ စတိုးဆိုင်ရဲ့ လက်ထောက်မန်နေဂျာ ဂျိမ်းစ်မာဖီကပြောပါတယ်။
မန်နေဂျာဖြစ်သူ မာဖီဟာ အလှမွေးမြွေတွေကို မြွေမြူခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး လက်ရှိအချိန်မှာ မြွေကြီးကို အဝတ်ပုံတွေထဲထည့်ကာ နွေးနွေးထွေးထွေး မွေးမြူထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကလည်း မြွေကြီးရဲ့ ပိုင်ရှင်ဖြစ်သူကို လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။