Thursday, June 8, 2023
HomeLead Storyကြားဖြတ်ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲမှုပိုင်းတို့တွင် တိုးတက်မှု မရှိသေးဟုဆို

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းနှင့်စီမံခန့်ခွဲမှုပိုင်းတို့တွင် တိုးတက်မှု မရှိသေးဟုဆို

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့် ထူးခြားမှု ကြီးကြီးမားမား မရှိပေမယ့် လုပ်ထုံးလုပ်နည်းနဲ့စီမံခန့်ခွဲမှုတွေမှာ တိုးတက်မှုမရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့တို့ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဲရုံရဲ့အပြင်အဆင်ဟာ အများစုက မသန်စွမ်းတွေ မဲပေးလို့ရအောင် စီစဉ်ထားတယ်ဆိုပေမယ့် လက်တွေ့မှာတော့ မသန်စွမ်းတွေအတွက် မဲပေးဖို့ အခက်အခဲရှိနေတဲ့ မဲရုံတွေ များနေသေးတယ်လို့ ဆိုပါတယ်။

မဲရုံမှူးတွေဟာ ရန်ကုန်တိုင်းအတွင်းမှာသာ အမျိုးသမီးတွေဖြစ်ပြီး တခြားဒေသတွေမှာတော့ အမျိုးသမီးတွေ ပါဝင်တာ မရှိသေးတဲ့အတွက် အမျိုးသမီးပါဝင်မှု အားနည်းနေသေးတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို လစ်လပ်မဲဆန္ဒနယ် ၁၂ နေရာ၊ လူဦးရေ ၅၀၀ ကျော်မှာ ကောက်ခံထားတာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ဒီစစ်တမ်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular