DVB Logo
Home
မြန်မာသတင်း
လယ်ယာစီးပွားရေးဆိုင်ရာ အများပိုင်ကော်ပိုရေးရှင်း စတင်ဖွင့်လှစ်
DVB
·
August 26, 2012
လယ်ယာစီးပွားရေးဆိုင်ရာ အများပိုင်ကော်ပိုရေးရှင်း စတင်ဖွင့်လှစ်
Donate to DVB

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (Myanmar Agribusiness Public Corporation - MAPCO) ဖွင့်ပွဲနဲ့ အစုရှယ်ယာတွေ စတင်ရောင်းချတဲ့ အခမ်းအနားတရပ်ကို ဒီနေ့ ရန်ကုန် စထရင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီကော်ပိုရေးရှင်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တည်ထောင်ဖွဲ့စည်းခဲ့တဲ့ လုပ်ငန်းရှင် ၇၃ ဦးတို့က ဦးဆောင်လုပ်ကိုင်တာဖြစ်ပြီး   လယ်ယာစိုက်ပျိုးရေး အခြေခံ စီးပွားရေး ဖွံ့ဖြိုးတက်အောင် ရည်ရွယ်ဖွဲ့စည်းတာလို့ ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ နေရာမရှိတဲ့အခါကျတော့ လူတွေက အိမ်ခြံတွေဝယ်လိုက်၊ ကားရှိလည်းကား၊ ဒေါ်လာဆို ဒေါ်လာ၊ ရွှေဆိုရင်ရွှေပေါ့။ ဆိုတော့ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုက ၀င်မလာဘူးဖြစ်နေတယ်။ အဲတော့ ကျနော်တို့က အများပိုင်ကုမ္ပဏီတခု ထောင်လိုက်ရင် သူတို့က ဒီထဲမှာ ငွေတွေ ရင်းနှီးမြှုပ်နှံလာရင် ကျနော်တို့က ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မှာပေါ့။

“အများပိုင်ကုမ္ပဏီနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ဘာကွာလဲဆိုတော့ အများပိုင်ကုမ္ပဏီက ကာကွယ်မှုရှိတယ်။ ကျနော်တို့ဆီမှာ  ငွေအလွဲသုံးစားလုပ်မယ်ဆိုရင် ပုဒ်မ ၆၁ အများပိုင်ပစ္စည်းကာကွယ်တဲ့ပုဒ်မနဲ့ပဲ အစိုးရ တရားလိုလုပ်ပြီး တရားစွဲလို့ရတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေမှာကျတော့ ဒီလိုမျိုးမရှိဘူး။ တကယ်လို့ ငွေသွားထည့်တယ် လိမ်လည်သွားရင် တရားမမှုနဲ့ တရားစွဲရမယ်။ အဲတော့ ကျနော်တို့ လုပ်နေတဲ့လုပ်ငန်းအားလုံးက transparent ဖြစ်တယ်၊ ကြည့်လို့ရတယ်။ နောက် နိုင်ငံတကာ  စားရင်းစစ်တွေနဲ့ စစ်လို့ရတယ်။ စာရင်းဇယားနဲ့ပတ်သက်ရင်လည်း transparent ပိုပြီဖြစ်တယ်။ အဲတော့ ရင်းနှီးမြှုပ်နှံမယ့် အများပြည်သူအတွက်ကတော့ transparent ဖြစ်တဲ့ ကုမ္ပဏီမှာ မြှုပ်နှံလို့ရမယ်။ နောက် ဥပဒေအရ အကာအကွယ်ပေးတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် သူတို့ရဲ့ ထည့်ငွေတွေက ဒီထဲပိုဝင်လာနိုင်တယ်။ အငြိမ်းစားဝန်ထမ်းတို့၊ လယ်သမားတွေနဲ့ ပြည်သူတွေအတွက်က ကျပ် ၁ သောင်းရှိရုံနဲ့ ရှယ်ယာဝင်တွေဖြစ်လာတာပေါ့။ ကျနော်တို့ အရင်ပြောနေတဲ့ လက်ဝါးကြီးအုပ်မှုတွေကိုလည်း အကာအကွယ်ပေးနိုင်တယ်။”

ကော်ပိုရေးရှင်းရဲ့ အစုရှယ်ယာတွေကို မြန်မာနိုင်ငံသား မည်သူမဆို ၀ယ်ယူနိုင်ပြီး တစု ကျပ် ၁ သောင်းနှုန်းနဲ့ တဦးကို ကျပ် သန်း ၁ ထောင်အထိ ၀ယ်နိုင်တယ်လို့ သိရပါတယ်။

ဒီကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာမယ့် စတော့ရှယ်ယာဈေးကွက်ကို ရည်မျှော်ပြီး ဖွဲ့စည်းတည်ထောင်တာလို့လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံတခုတည်း မရှိသေးတာပေါ့။ နိုင်ငံတကာမှာ စတော့ရှယ်ယာဈေးကွက်ဖြစ်လာရင် ကျနော်တို့အများပိုင် ကုမ္ပဏီတွေ ရှိမှာပဲ တိုင်းပြည်ရဲ့ ငွေရေးကြေးရေးအတွက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ယုံကြည်ပြီးတော့ ရှယ်ယာဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ”
ကော်ပိုရေးရှင်းအနေနဲ့ တောင်သူလယ်သမားတွေ လိုအပ်မယ့် မျိုး၊ ပံ့ပိုးပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကတော့ အဆင့်မြင့် ဆန်စက်တွေ တည်ထောင်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်း စတဲ့ ကဏ္ဍစုံ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013