Monday, May 29, 2023
HomeLead Storyသပိတ်ကျင်းတွင် အန်အယ်လ်ဒီပါတီအနိုင်ရ

သပိတ်ကျင်းတွင် အန်အယ်လ်ဒီပါတီအနိုင်ရ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲအသာနဲ့ အနိုင်ရသွားပါတယ်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လစ်လပ်နေရာအတွက်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးလွင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးမြင့်စိုး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးဇော်မင်းထွန်းရှိန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးညီညီ၊ ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစုပါတီက ဦးမင်းသူ၊ အမျိုသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးမြင့်နိုင်၊ ဒီမိုကရက်တစ်ပါတီက (မြန်မာ)က ဦးအောင်ကြည်မြိုင်တို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

သပိတ်ကျင်းမဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူပေါင်း ၄၂၀၀၀ ကျော်ရှိပြီး ထက်ဝက်လောက်သာ လာပေးကြတယ်လို့ သိရပါတယ်။ မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုးလွင်က ခိုင်လုံမဲ ၁၂၃၇၅ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၁၀၂ မဲနဲ့ အနိုင်ရသွားတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular