Home
မြန်မာသတင်း
တာမွေတွင် အန်အယ်လ်ဒီကိုယ်စားလှယ်က အပြတ်အသတ်အနိုင်ရနေ
DVB
·
November 3, 2018
40953785_258090281711352_1751134067241254912_n
ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်၊ တာမွေမြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းက ခိုင်လုံမဲ အများစုရထားတယ်လို့ သိရပါတယ်။ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ တာမွေမြို့နယ်မှာ  မဲရုံပေါင်း ၁၂၃ ရုံ ဖွင့်လှစ် ကျင်းပခဲ့တာဖြစ်ပြီး    မဲဆန္ဒရှင်ပေါင်း ၉၉,၁၁၉ ဦးရှိပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့လည်း တာမွေမြို့နယ်က မဲရုံမှာ လာရောက် မဲပေးခဲ့ကြတာပါ။ “မဲလာပေးသူက ၃၂,၁၁၂ ယောက်ရှိပါတယ်။ အခု ရပ်ကွက်တွေက တက်လာတဲ့ စာရင်းကို ပေါင်းထားတာ အန်အယ်လ်ဒီက ၃၀,၃၁၁ မဲရပါတယ်” လို့ တာမွေမြို့နယ် အန်အယ်လ်ဒီ ရုံးအုပ် ကိုအောင်မြတ်မိုးက ပြောပါတယ်။ တာမွေမြို့နယ်မှာ  ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီက ဦးစီစီနော်ဂျာ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဇင်အောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးတိုးဝင်း၊  ပြည်သူ့ အလုပ်သမားပါတီက ဦးထွန်းထွန်းဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးမျိုးဝင်းကျော်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးမြင့်ကြည်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီက ဦးမြင့်ဆန်းထွန်းနဲ့  ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဒေါ်သက်သက်အေးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024