DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ရေးရာကိစ္စနှင့် ပါတီညီလာခံကျင်းပရေး အန်အယ်လ်ဒီ ဆွေးနွေး
DVB
·
August 24, 2012
လွှတ်တော်ရေးရာကိစ္စနှင့် ပါတီညီလာခံကျင်းပရေး အန်အယ်လ်ဒီ ဆွေးနွေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့က ပါတီဌာနချုပ်မှာ ကျင်းပပြီး လွှတ်တော်ရေးရာကိစ္စတွေနဲ့ ပါတီညီလာခံအဆင့်ဆင့် ကျင်းပရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က “လွှတ်တော်ထဲမှာ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်တည်ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နောက်ဆုံး ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေတွေ၊ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ပြည်သူ့လွှတ်တော် ရေးရာကော်မတီမှာ တာဝန်အသီးသီးရပြီး တာဝန်ယူရတဲ့ အခြေအနေတွေ ဆွေးနွေးခဲ့တယ်” လို့ ပြောပါတယ်။

[caption id="attachment_23777" align="alignright" width="252" caption="ဦးအုန်း​ကြိုင်"][/caption]

ဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူ့လွှတ်တော်အခြေခံဥပဒေခုံရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အငြင်းပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ြ ငိမ်းချမ်းစွာ ပြေလည်မှုရရှိရေး အတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြဖို့ ကြိုးပမ်းမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒါ့အပြင် တပြည်လုံးအတိုင်းအတာနဲ့ အန်အယ်လ်ဒီ ပါတီညီလာခံ ကျင်းပပြီးစီးမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဗဟိုကော်မရှင်ကနေ ပြည်နယ်တိုင်းအလိုက် ညီလာခံကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းခဲ့ပုံ၊ ခရိုင်အဆင့်ညီလာခံကျင်းပရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းပေးမှု အခြေအနေ၊ မြို့နယ်ပေါင်း ၃၀၀ မှာ မြို့နယ်ကော်မရှင်အဆင့် ၉၅ ရာခိုင်နှုန်း အနေအထားလောက် ဖွဲ့စည်းပြီးကြောင်း မကြာမီ ညီလာခံစတင်တော့မယ့်အကြောင်း တင်ပြပါတယ်။”

တချို့မြို့နယ်တွေမှာ ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်းမှုကို အကြောင်းပြုပြီး မညီမညွတ်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“အဲကိစ္စတွေ ဆွေးနွေးညှိနှိုင်းပြီးတော့ မူအရဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ပေးမယ်၊ တကယ်လို့ မူနဲ့မကိုက်ညီဘူး ပြုပြင်သင့်တဲ့ ကိစ္စတွေ ဆိုရင်လည်းပဲ ပြတ်ပြတ်သားသား ပြုပြင်ဆောင်ရွက်ပေးဖို့ ဆွေးနွေးဆုံးဖြတ်ကြပါတယ်။ နောက် မြောင်းမြလို အချင်းချင်း မပြေမလည်ဖြစ်တဲ့ကိစ္စတွေမှာ ပါတီတွင်းကိစ္စဖြစ်လို့ အကျေအလည်ညှိနှိုင်းဆွေးနွေးဖို့ လမ်းကြောင်း အများကြီး ဖွင့်ပေးထားတဲ့ကြားထဲက အခုလို ဆန္ဒပြတာမျိုးဖြစ်တဲ့အထိတော့ စိတ်မကောင်းစရာဖြစ်တဲ့အကြောင်း၊ ဘယ်လိုဖြစ်တယ်၊ ဘယ်လိုအကြောင်းအရာတွေကြောင့် ဖြစ်တယ်ဆိုတာကို စုံစမ်းပြီး စနစ်တကျ တင်ပြကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ”

ဒီနေ့အစည်းအဝေးကို နေပြည်တော်မှာ အလုပ်ကိစ္စနဲ့ ကျန်ရစ်တဲ့ ဒေါက်တာ ဒေါ်မေ၀င်းမြင့်နဲ့ ဦးဝင်းမြင့်တို့ နှစ်ဦးက လွဲပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အားလုံး တက်ရောက်တယ်လို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013