Home
မြန်မာသတင်း
ပြင်ဦးလွင် မဲရုံများတွင် နေ့လယ်ပိုင်းထိ မဲပေးသူထက်ဝက်ခန့်သာရှိ
DVB
·
November 3, 2018
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ  ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်အထိ မဲရုံတွေမှာ လာရောက် ဆန္ဒမဲပေးသူအရေအတွက်ဟာ တ၀က်မရှိသေးဘူးလို့ သိရပါတယ်။ မြို့ပေါ်ရပ်ကွက်တွေက မဲရုံတွေမှာ နေ့လည်ပိုင်း မဲပေးသူမရှိသလောက် နည်းပါးနေပြီး မဲပေးသူနည်းပါးတဲ့အတွက် ကိုယ်စားလှယ်လောင်း တဦးဦးက မဲအသာစီးရရှိ အနိုင်ရဖို့ ခက်ခဲတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ လစ်လပ်နေတဲ့ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၄၀၀၀၀ ကျော်အတွက် မဲရုံပေါင်း ၃၆၆ ရုံဖွင့်လှစ်ပြီး ဆန္ဒမဲပေးရွေးချယ်နေတာဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့နယ်မှာတော့ မဲရုံပေါင်း ၂၉ ရုံဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူပေါင်း ၂၀၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024