DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများ တောင်းဆိုဆန္ဒပြ
DVB
·
August 24, 2012
လယ်ယာမြေနစ်နာကြေးရရေး ထီးချိုင့်လယ်သမားများ တောင်းဆိုဆန္ဒပြ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နီကယ်စက်ရုံတည်ဆောက်ဖို့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေးရဖို့ လယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်ကုန်းကျေးရွာမှာရှိတဲ့ မြန်မာ စီအမ်အန်စီ နီကယ် တရုတ်ကုမ္ပဏီက နီကယ်စက်ရုံအပါအ၀င် စက်ရုံတွေတည်ဆောက်ဖို့ လယ်ယာမြေ ဧက ၃၀၈၆ သိမ်းဆည်းထားတဲ့အတွက် ထိုက်တန်တဲ့ နစ်နာကြေးအမြန်ပေးဖို့ လယ်သမား ၁၀၀ ခန့်က ဩဂုတ် ၂၁ ရက်နေ့မှာ တရားဝင်ဆန္ဒပြခဲ့ကြပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့ ဂရိတ်ဝေါလ်သကြားစက်၊ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံတွေကို နေရာရွှေ့ပြောင်းဖို့ စတဲ့ အချက်တချို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြလယ်သမားတွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်ခိုင်ဖြိုးက သိမ်းယူထားတဲ့ လယ်မြေ ၃၈.၅ ဧက၊ ထူးကုမ္ပဏီက ၂၅.၈၃ ဧက၊ ဂရိတ်ဝေါ သကြားစက်ရုံက ၁၀၄ ဧက အစရှိတဲ့ သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေဟာ ထီးချိုင့်မြို့ကနေ တမိုင်ခွဲလောက်ဝေးတဲ့ မိုင်းတုံကို လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒပြခွင့်ပြုဖို့ ဇူလိုင်လကတည်းက ခွင့်တောင်းပေမယ့် အာဏာပိုင်တွေက ဖြေရှင်းပေးမယ်လို့ ကတိပြုပြီး ကတိမတည်ခဲ့ဘူးလို့ ဆန္ဒပြသူတဦးဖြစ်တဲ့  ဦးမျိုးဝင်းက ပြောပါတယ်။

“ဖြေရှင်းဖို့ကိစ္စကတော့ ၇ လပိုင်းမှာ ၂၈ နဲ့ ၂၉ ရက် ၂ ရက် ဆန္ဒပြပွဲကို မပြပါနဲ့ သူတို့ ညှိနှိုင်းမယ်ဆိုပြီးတော့ ရက်ရွှေ့လိုက်တာပေါ့ဗျာ။ ညှိနှိုင်းတာလည်း အဆင်မပြေတော့ တောင်းဆိုတဲ့ဟာတွေကို မုံရွာတိုင်းကို တင်ပြီးမှ ကျလာတဲ့ဟာကို ပြီးခဲ့တဲ့ ၂၁ ရက်နေ့က ကျနော်တို့ ဆန္ဒပြကြတာဗျ။”
လယ်ယာမြေနစ်နာကြေးရဖို့ ဆန္ဒပြရာမှာ ဒေသခံ ၃၀၀ နဲ့ ဆန္ဒပြခွင့် ၁ ရက်ကို မြို့နယ် အာဏာပိုင်းတွေဆီ ဒုတိယအကြိမ် ခွင့်တောင်းခံရာမှာ ဆန္ဒပြသူ ၁၀၀ နဲ့ ဆန္ဒပြခွင့် ၁ နာရီပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013