DVB Logo
Home
မြန်မာသတင်း
လေဆိပ်ကနေ အန္တရာယ်ရှိခရီးသည်  ၄၀ ခန့် လစဉ် ပြန်လွှတ်နေ
DVB
·
November 2, 2018
လေဆိပ်ကနေ အန္တရာယ်ရှိခရီးသည်  ၄၀ ခန့် လစဉ် ပြန်လွှတ်နေ
Donate to DVB

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အန္တရာယ်ရှိတဲ့ ခရီးသည်တွေကို  အ၀င်မခံဘဲ လတိုင်း အနည်းဆုံး လူ ၃၀၊ ၄၀ လောက် ပြန်လွှတ်နေတယ်လို့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောပါတယ်။

နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးအတွက် MoU ထိုးထားတဲ့ နိုင်ငံတွေအချင်းချင်း သတင်းပေးပို့မှုအရ မြန်မာနိုင်ငံကို ၀င်ရောက်လာမယ့် ပြစ်မှုမှတ်တမ်းရှိ အန္တရာယ်ရှိ ခရီးသည်တွေကို အ၀င်မခံဘဲ လေဆိပ်ကနေ ပြန်လွှတ်နေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့  ၁၂ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောတာပါ။

“ကျနော်တို့နဲ့ MOU ထိုးထားတဲ့ နိုင်ငံမျိုး၊ ဥပမာ စင်ကာပူ၊ ကိုရီးယား၊ သြစတြေးလျလို နိုင်ငံမျိုး၊ သူတို့နိုင်ငံမှာ လူတွေအပြင်ထွက်သွားပြီ၊ ဗမာနိုင်ငံကို လာတော့မယ်ဆိုတာနဲ့ အဲ့ဒီလူသတိထား၊ ဒီလူဟာ ငါတို့နိုင်ငံမှာ ဘယ်လိုပြစ်မှုမျိုး ကျူးလွန်တယ်၊ ဘယ်လို ဇရှိတဲ့အမှုမျိုး ကျူးလွန်တယ် အစရှိသဖြင့် သတင်းအချက်အလက်ကို အစောကြီးတည်းက ပေးတယ်။ လေယာဉ်လက်မှတ်ကို စ၀ယ်လိုက်တဲ့ အချိန်ကတည်းကိုက၊ ဝယ်ဖို့ ဘိုကင်တင်လိုက်ပြီ ဆိုတာကို သတင်းလှမ်းပို့လိုက်တယ်။ ဒါဆို ကျနော်တို စောင့်ကြည့်လို့ရပြီ။ အန္တရာယ် သိပ်ရှိနိုင်မယ်ဆိုလို့ရှိရင် လေဆိပ်မှာကတည်းက အ၀င်မခံတော့ဘူး။ တခါတည်း နယ်နှင်လိုက်မယ်။ အဲဒီလို လုပ်လာတာ သုံးနှစ်လောက်ရှိပြီ။ တစ်လ တစ်လကို သံသယရှိလို့ ကိုယ့်နိုင်ငံလာပြီး ပြဿနာရှိနိုင်တယ်လို့ ထင်လို့ လေဆိပ်ကနေပြီးမှ အ၀င်မခံဘဲနဲ့ ရာဇ၀တ်ကောင်တွေကို ပြန်လွှတ်တာ လတိုင်း အနည်းဆုံး လူ ၃၀၊ ၄၀ လောက် ရှိတယ်။"

မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပွားတဲ့ မူးယစ်ဆေးဝါး တရားမ၀င်သယ်ဆောင်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ အကြမ်းဖက်မှု အပါအ၀င် မှုခင်း ၅ မျိုးကို နိုင်ငံဖြတ်ကျော် မှုခင်းနယ်ပယ်မှာ အဓိကဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းတွေဟာ ကိုယ့်တနိုင်ငံထဲ လုပ်လို့ မရဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ အချိန်နဲ့ တပြေးညီ သတင်းအချက်အလက် ဖလှယ်ပြီး ဆောင်ရွက်နေတယ်လို့ ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောပါတယ်။

နေဖြိုးဝင်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013