ဝမ်းသာတာပဲ သိတယ် – ကျပ်သိန်း ၁ သောင်းထီဆုရှင်

နိုဝင်ဘာလ ၁ ရက်က ဖွင့်လှစ်တဲ့ အကြိမ် ၂၀ မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်းတသောင်းဆုကို ပဲခူးမြို့က စက်ဘီးပြင်တဲ့ အဘိုးအဘွား ဇနီးမောင်နှံက ဆွတ်ခူးရရှိ သွားပါတယ်။ အဘိုးအို ဦးစိန်ထွန်းနဲ့ အဘွားအို ဒေါ်ဒေါင်းတို့ဟာ   ပဲခူးမြို့သစ် (င) ရပ်ကွက် မြို့ပတ်တာလမ်းမှာ နေထိုင်ကာ စက်ဘီးပြုပြင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဖြစ်ပြီး မိဘမဲ့ကလေးငယ် ၂ ဦးကို စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ အခုလို သိန်းတသောင်းဆု ဆွတ်ခူးရရှိတဲ့အပေါ် ဒေါ်ဒေါင်းက “၀မ်းသာတာပဲ သိပါတယ်ရှင့်။ အဒေါ်က လင်မယားနှစ်ယောက်ရယ် ဖအေ၊ မအေ မရှိတဲ့ မြေးလေး ၂ ယောက်ကို ကျောင်းထားရတယ်။ အဖေအမေမရှိတဲ့ ကျောင်းသားလေး အခု ၉ တန်း၊ အခု သမီးအငယ်က မွေးထားတဲ့ ၁၀ တန်းကျောင်းသူလေး တယောက် အဲဒါတွေအတွက်ကို ရည်ရွယ်တဲ့ စိတ်ကူးချက်တွေ၊ ရည်ရွယ်ချက်ကလေးတွေ အောင်မြင်သွားတာပေါ့။” ဆွတ်ခူးရရှိတဲ့ ထီဆုကို ထုတ်ဖို့ အခု ရန်ကုန်ငွေထုတ်တဲ့ ရုံးမှာ ရောက်နေပြီး ထုတ်နိုင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်လို့ ဒေါ်ဒေါင်းက ပြောပါတယ်။ ဒေါ်ဒေါင်းအနေနဲ့ အရင်ကလည်း ဦးနေ၀င်းရဲ့ မဆလအစိုးရလက်ထက် ၂ ကျပ်တန် ထီခေတ်တုန်းကလည်း ကျပ် ၅ သောင်းဆု ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။ “ထီတစောင် ၂ ကျပ်နဲ့တုန်းကတော့ ၅ သောင်းဆုပေါက်ဖူးပါတယ်။ ဒါပေမယ့် သူများလိမ်သွားတယ်လေ။ ပေါက်တဲ့ ခုနှစ်တော့ မမှတ်မိတော့ဘူး။  ကျမတို့ ထုတ်ပြီးတော့မှ ရောင်းတဲ့ထီသည်က ပိုက်ဆံကိုယ့်ကို လာပေးပြီးမှ ကိုယ်က သူများကိုသွားအပ်ထားတာ။ နောက်ကျတော့ အဲဒီကောင်လေးက ကားတိုက်ပြီးတော့ သေသွားတယ်လေ။ အဲဒါနဲ့ ပိုက်ဆံ မရလိုက်ဘူး။  ” ထီတစောင် ၂ ကျပ်တန်ခေတ်တုန်းကတော့ ပထမဆု  ကျပ် ၁ သိန်း ရရှိတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- Kyaw Myo Oo

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up