A d v e r t i s e m e n t With Us

ဧရာဝတီတိုင်းတွင် သစ္စာအထူးစီမံကိန်းဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေ

ဧရာဝတီတိုင်းဒေသကြီးထဲမှာ သစ္စာအထူးစီမံကိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကနေ အသက် ၁၀ နှစ်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို  နေ့ချင်းပြီး မှတ်ပုံတင်ပြုလုပ်ပေးနေပါတယ်။ လက်ရှိမှာတော့  အင်္ဂပူမြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၇၂ ခုနဲ့ ရပ်ကွက် ၈ ခုရှိ ပြည်သူတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေရရှိအောင် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတာဖြစ်ပြီး အသက် ၁၀ နှစ်ပြည့်သူတွေကို ပုံစံ ၄ (က)၊ အသက် ၁၈ နှစ်ပြည့်သူတွေကိုတော့ ပုံစံ ၆ (က) နဲ့ မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး စိုင်းလှသိန်းဦးက​ ပြောပါတယ်။ "ကျ​နော်​တို့ ဌာနက​နေ နိုင်ငံတော်​အတိုင်​ပင်​ခံနဲ့ သမ္မတရဲ့လမ်းညွှန်​မှုနဲ့ ဧရာဝတီတိုင်းအတွင်း မှတ်​ပုံတင်​မရှိတဲ့သူ မရှိရ​လေ​အောင်​ ခုလိုသစ္စာ အထူးစံမံကိန်းနဲ့ ကွင်းဆင်း​ ဆောင်​ရွက်​​ပေး​နေတာ။” ကျွဲ​​သောင်းေ​ကျးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသန်းထွဋ်က​တော့ "ခုလိုကွင်းဆင်းပြီး မှတ်​ပုံတင်​ရရှိဖို့ ကျ​နော်​တို့က အုပ်​စုတွင်းမှာ စာရင်းအရင်​​ကောက်​တယ်​။ ပြီးတော့ ကျောင်း​တွေက ဆရာဆရာမ​တွေနဲ့ ညှိနှိုင်းပြီး အချက်​အလက်​​တွေကို လဝကဦးစီးဌာနကို တင်​ပြပြီး ကွင်းဆင်း​ ဆောက်​ရွက်​ဖို့ စီစဉ်​ရပါတယ်​”လို့ ပြောပါတယ်​။ ​နတ်​ခြံအုပ်​စု​နေ ကိုကုလားကြီးက​တော့ "ခုလိုကွင်းဆင်း​ဆောင်​ရွက်​​တော့ ကျ​နော်​တို့​ တောသူ​တောင်​သား​တွေအတွက်​ အဆင်​​ပြေတာ​ပေါ့။ မြို့နယ်​သွားလုပ်​ရင်​ ဆိုင်​ကယ်​ကယ်​ရီခ ထမင်းစတဲ့ ကုန်​ကျစားရိတ်​များတယ်​​လေ​။ အောက်​​ခြေကွင်းဆင်းလုပ်​​ပေး​တော့ အဆင်​အရမ်း​ပြေပါတယ်​။ ဖြစ်​နိုင်​ရင်​ သုံးလ တကြိမ်​​လောက်​ ဆင်းလုပ်​​ပေး​စေချင်​တယ်​"​လို့ ပြောပါတယ်​။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ  အင်္ဂပူမြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ပြည့်ပြီးသူ ၁၂၆၄ ဦးကို မှတ်ပုံတင်ထုတ်ပေးနိုင်ခဲ့ပြီး မှတ်ပုံတင်မရရှိသူတွေကိုလည်း စီမံကိန်းချ ဆောင်ရွက်ပေးနေပါတယ်။ သတင်း-ဓာတ်ပုံ- သန်းထိုက်မြင့်

A d v e r t i s e m e n t With Us

More News
Up