A d v e r t i s e m e n t With Us

ရီးရဲလ်နောက်ခံလူ ဗာရန်း ဘလွန်းဒီအောဆုရသင့်ဟု ပလာတီနီပြော

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းဟာ ဘလွန်းဒီအောဆုရဖို့ အသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌဟောင်း ပလာတီနီက ပြောဆိုလိုက်ပါတယ်။ ပြင်သစ်ဘောလုံး မဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်ဒီအောဆုဟာ ကမ္ဘာ့အကောင်းဆုံးကစာသမားဆုလို တန်ဖိုးမြင့်တဲ့ ဆုတခုဖြစ်ပါတယ်။ ဗာရန်းဟာ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ် အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားရယူခဲ့သူပါ။ ဘလွန်းဒီအောဆုအတွက် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းသားတွေကို ပေးရမှာဖြစ်ပြီး အဲဒီအထဲမှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံဖလားရခဲ့တဲ့ ဗာရန်းသာ အထိုက်တန်ဆုံးဖြစ်တယ်လို့ ပလာတီနီကဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်အတွက် ကစားသမားရွေးချယ်ရာမှာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုမိုလွယ်ကူပြီး ဗာရန်ဟာ ဆုရဖို့အတွက် သိသာထင်ရှားတဲ့ ကစားသမားဖြစ်တယ်လို့လည်း ပလာတီနီက ဆိုပါတယ်။ အခုနှစ် ဘလွန်းဒီအောဆုအတွက် ပြင်သစ်ကစားသမားတွေဖြစ်တဲ့ အမ်ဘာပေ၊ ဂရစ်မန်းနဲ့ စီရော်နယ်ဒိုတို့က ရေးပန်းစားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up