DVB Logo
Home
မြန်မာသတင်း
မူးယစ်ရာဇာနော်ခမ်းကို စစ်ဆေးရန် မြန်မာအရာရှိများ တရုတ်နိုင်ငံ ရောက်ရှိ
DVB
·
August 24, 2012
မူးယစ်ရာဇာနော်ခမ်းကို စစ်ဆေးရန် မြန်မာအရာရှိများ တရုတ်နိုင်ငံ ရောက်ရှိ
1 / 3
Donate to DVB

မြန်မာစစ်တပ်နဲ့ ရဲဘက်က လုံခြုံရေးအရာရှိတွေ တရုတ်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ မူးယစ်ရာဇာနော်ခမ်း ကို စစ်ဆေးဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သြဂုတ်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းဟာ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) ရဲ့ အလိုရှိတဲ့စာရင်းမှာ ပါတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မဲခေါင်မြစ်အတွက် သင်္ဘောတွေကို တိုက်ခိုက်တာ၊ သင်္ဘောသားတွေကို သတ်ဖြတ်တဲ့အတွက် နာမည်ဆိုး နဲ့ ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

[caption id="attachment_29748" align="alignleft" width="300" caption="မူးယစ်ရာဇာ နော်ခမ်း"][/caption]

ရွှေတြိဂံဒေသအတွင်း မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ရှမ်းလူမျိုး နော်ခမ်းကို  မဲခေါင်မြစ်အတွင်းမှာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေ၊ လူသတ်မှုတွေနဲ့ ပက်သက်ပြီး မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတွေကလည်း အလိုရှိနေတာပါ။

သူ့ကို ထိုင်းနိုင်ငံက  ဘတ်ငွေ ၂  သန်း ဆုငွေထုတ်ပြီးနောက်မှာ အခုနှစ် ဧပြီလမှာ လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံကို မေလမှာ လွှဲပေးခဲ့ပါတယ်။ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စွဲချက်တင် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲအဖမ်းခံနေရတဲ့ နော်ခမ်းရဲ့အမှုနဲ့ပက်သက်ပြီး   သက်သေအထောက်အထားတွေ ဖော်ထုတ်ဖို့ တရုတ်ရဲတပ်ဖွဲ့နဲ့အတူ မြန်မာ၊ ထိုင်းနဲ့ လာအို ရဲတပ်ဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့  ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရတဲ့အမှုမှာ နော်ခမ်းအပါအ၀င် သူရဲ့အဖွဲ့သားတွေအပြင် ထိုင်းစစ်သားအချို့ ပါဝင်မှုရှိတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်သင်္ဘောသား ၁၃ ယောက် အသတ်ခံရတာနဲ့ ပက်သက်ပြီး နော်ခမ်းနဲ့ အခြားသံသယရှိသူတွေကို နောက်လကျရင် တရုတ်နိုင်ငံထဲမှာ တရားစီရင်သွားမယ်လို့ တရုတ်အရာရှိက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေး ၀န်ကြီး မြန်မာနိုင်ငံ သွားတုန်းက မြန်မာအာဏာပိုင်တွေကို နော်ခမ်းကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို အမှုစစ်ဆေးရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မေးမြန်းခဲ့ပါတယ်။

နော်ခမ်းအဖမ်းခံရပြီးနောက်မှာ သူ့ရဲ့နောက်လိုက်အဖွဲ့တချို့ဟာ မြန်မာအစိုးရဆီမှာ လက်နက်ချခဲ့တာကြောင့် အမှုနဲ့ပတ်သက်သူတချို့ကို တရားစစ်ဆေးနိုင်ဖို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နော်ခမ်းနဲ့အဖွဲ့ဟာ တရုတ်နိုင်ငံသားတွေကို ဓားပြတိုက်တာတွေ အပါအ၀င် လက်နက်ကိုင် ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တာ ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် အမှုပေါင်း ၂၈ မှုလောက် ရှိတယ်လို့ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013