Home
မြန်မာသတင်း
ရန်ကုန်- မီလန် တိုက်ရိုက်လေယာဉ်ခရီးစဉ် ပထမဆုံးအကြိမ်စတင်ပြေးဆွဲ
သူဇာလင်း
·
November 1, 2018
မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး  Neos Airline က ရန်ကုန်- မီလန် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို အောက်တိုဘာ ၃၁ ရက်က စတင်ပြေးဆွဲပါတယ်။ မီလန်အခြေစိုက် Neos Spa အီတလီလေကြောင်းလိုင်းရဲ့ခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၆၇ ဟာ ဥရောပကနေ တိုက်ရိုက်ပျံသန်းတဲ့လေယာဉ်ဖြစ်ပြီး မြန်မာနဲ့ အီတလီနိုင်ငံအကြား ပထမဆုံး ပထမဆုံးပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်လည်းဖြစ်ပါတယ်။ ဥရောပကနေ မြန်မာပြည်ကို တိုက်ရိုက်လေကြောင်းလိုင်းတခု တိုးချဲ့ပျံသန်းတဲ့ Neos Spa အီတလီလေကြောင်းလိုင်းဟာ  ရန်ကုန်-မီလန်ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြေးဆွဲမှာဖြစ်ပြီး ဗီယက်နမ်၊ ဟိုချီမင်းမြို့ Phu Quoc ကမ်းခြေလေဆိပ်မှာ ခရီးတထောက်နားကာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်တာဖြစ်ပါတယ်။ မနေ့ညနေ ၃နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတာတဲ့ လေယာဉ်ခရီးစဉ်မှာ အီတလီနိုင်ငံက လာရောက်လည်ပတ်တဲ့ ခရီးသည် ၃၅ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံမှာ ၅ ရက်ကြာ လည်ပတ်မှာ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အများစုစိတ်ဝင်စားတဲ့ ပုဂံ၊ မန္တလေးနဲ့ ကယားပြည်နယ် လွိုင်ကော် စတဲ့ ထင်ရှားတဲ့ နေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ခရီးစဉ်ဆုံးရင်တော့ ရန်ကုန်ကနေ မီလန်ကို တိုက်ရိုက်ပျံသန်းမှာဖြစ်ပြီး လေယာဉ်ပျံသန်းချိန် ၁၂ နာရီလောက် ကြာမြင့်မယ်လို့သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024