A d v e r t i s e m e n t With Us

အီတလီတွင် မိုးသက်လေပြင်းကြောင့် ၉ ဦးသေဆုံး

Rescue efforts continued in Italy on Tuesday (October 30) as heavy rain and strong winds kept battering the country for a third day in a row. Rough cut (No reporter narration).
အီတလီနိုင်ငံအတွင်း ၃ ရက်ဆက်တိုက် မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့ အောက်တိုဘာ ၃၀ ထိ သေဆုံးသူဦးရေ ၉ ယောက် ရှိသွားပြီ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ အမျိုးသား အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ လာလေ့ရှိတဲ့ ဆိပ်ကမ်းမြို့ ရာပေါ်လိုမှာ လေပြင်းနဲ့ လှိုင်းတွေက ရိုက်ခတ်ခဲ့လို့ ဒါဇင်နဲ့ချီတဲ့ ရွက်လှေတွေနဲ့ ဆိပ်ခံဗောတံတားတွေ ပျက်စီးခဲ့ပါတယ်။ နိုင်ငံတလွှား ပြီးခဲ့တဲ့ ၂ ရက်အတွင်း မိုးလေဝသ နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေအတွက် အကူအညီတောင်းမှု ၇ ထောင်ကျော် ရှိခဲ့တယ်လို့ အမျိုးသား မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ တောင်ပိုင်းဒေသက ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သစ်ပင်ပိလို့ မီးသတ်ဝန်ထမ်း တယောက် သေဆုံးတယ်လို့ ပြောပါတယ်။ သတိပေးစနစ်အတွက် ဒုတိယအမြင့်ဆုံးဖြစ်တဲ့ လိမ်မော်ရောင်အဆင့် တပ်လှန့်သတိပေး ချက်ကို အီတလီအလယ်ပိုင်း ဒေသ ၂ ခုအတွက် ထုတ်ပြန်ထားပါတယ်။ တနင်္လာနေ့က လေတိုက်နှုန်းဟာ ၁ နာရီ ကီလိုမီတာ ၁၀၀ ထိ ပြင်းထန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up