ပြည်သူတွေ ကိုယ့်အနီးဝန်းကျင်မှာ လျှို့ဝှက်ထောက်လှမ်းတတ်ဖို့ သင်ကြားပေးတဲ့ကျောင်း
DVB
·
August 24, 2012

တောင်ကိုရီးယားနိုင်ငံက ဥပဒေချိုးဖောက်သူတွေ သတိထားကြပါ။ ဥပဒေ ချိုးဖောက်တဲ့လုပ်ရပ်တွေကို ဗွီဒီယို လိုက်ရိုက်ကူးသူတွေဟာ အဲဒီ ဗွီဒီယိုပြကွက်တွေကို ရဲဆီရောင်းချပြီး အပိုဝင်ငွေ ရှာဖွေနေကြ ပါတယ်။ ဒါပေမယ့် လေ့လာသူတချို့က အဲဒီ သူလျှို ဓာတ်ပုံသတင်းထောက်တွေကို လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်းဟာ ပြည်သူတွေ ကိုယ့်အိမ်နီးချင်းကို ပြန်ထောက်လှမ်း လာတာမျိုး ဖြစ်အောင်လုပ်နေတာလို့ ဆိုလိုက်ပါတယ်။
အေးရှားကောလင်းသတင်းထောက် ဂျေဆန်စထရုသ်သာက ဆိုးလ်ကနေ သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို မိုးမြင့်ဇင်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။