Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပြိုကျ၍ အမျိုးသမီး ၂ ဦး သေဆုံး
နော်နိုရင်း
·
October 30, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုရှိ တစ်သုံးလုံး စွန့်ပစ်မြေစာပုံ ဒီကနေ့မနက် အစောပိုင်းက ပြိုကျခဲ့လို့ အချဉ်ပေါင်းရောင်းနေတဲ့ အမျိုးသမီးနှစ်ဦး သေဆုံးသွားပါတယ်။ မြေပိသေဆုံးသူတွေဟာ အသက် ၃၃ နှစ်အရွယ် မရီဝင်းနဲ့ မရွှေဝါတို့ ဖြစ်တယ်လို့ အလောင်းကို သွားရောက်သယ်ယူခဲ့သူ ကိုသိန်းထွန်းဝင်းက ပြောပါတယ်။ “ကျနော်တို့ လူမှုရေးအသင်းကို အကူအညီတောင်းလို့ သွားပို့တဲ့အချိန်မှာ သူတို့ ချဉ်ပေါင်းရောင်းတယ်လို့ ပြောတယ်ခင်ဗျာ။ မနက် ၅ နာရီလောက်မှာ ဖြစ်တယ်။ သူတို့က ရောင်းရင်းနဲ့ မြေပြိုပြီဆိုတော့ ပြေးတဲ့သဘောရှိတယ်။ မလွှတ်တာနေမှာ။” မြေပြိုမှုအတွင်း တခြားလူတွေ သေဆုံးတာတော့ မရှိခဲ့ပါဘူး။ အဲဒီအမျိုးသမီးနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်တဲ့ မိသားစုဝင်တွေ  လာရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဖားကန့်မှာ အမျိုးသားတွေသာ ကျောက်ရှာဖွေတူးဖော်ရင်း မြေပြိုပိမိ သေဆုံးတာ အဖြစ်များလေ့ ရှိပေမယ့် ဒီတကြိမ်မှာတော့ အမျိုးသမီးတွေ အန္တရာယ်ရှိတဲ့နေရာမှာ ဈေးရောင်းရင်းနဲ့ မြေပြိုသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024