ကိုရီးယားနှစ်နိုင်ငံ ပူးတွဲလုံခြုံရေးဧရိယာအတွင်း လက်နက်ဖြုတ်သိမ်းရေး စိစစ်အတည်ပြုမှု ပြီးစီး

ဓာတ်ပုံ - KBS World
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ပူးတွဲလုံခြုံရေးဧရိယာ JSA အတွင်း လက်နက်ဖြုတ်သိမ်းရေး ပူးတွဲစိစစ် အတည်ပြုမှုကို အောက်တိုဘာ ၂၇ ရက်က ပြီးစီးခဲ့ပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ JSA လက်နက်ဖြုတ်သိမ်းရေးကို ကိုရီးယား ၂ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေ စက်တင်ဘာမှာ ကျင်းပတဲ့ ပြုံယမ်း ထိပ်သီးညီလာခံအတွင်း သဘောတူခဲ့တာပါ။ ဒီညီလာခံကို တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တက်ရောက်ခဲ့ပါတယ်။ ဒီနောက် အောက်တိုဘာ ၂၆ ရက်က ပန်မွန်ဂျုံရွာအတွင်း ၂ နိုင်ငံ ဗိုလ်ချုပ်အဆင့် ဆွေးနွေးပွဲ ကျင်းပပြီး နိုဝင်ဘာလကစလို့ ကြည်း၊ ရေ၊ လေ ၃ မျိုးလုံးမှာ ရန်လိုတဲ့လုပ်ရပ်တွေအားလုံး ရပ်တန့်ရေး စီစဉ်ထားပြီး စစ်တပ်ကင်းမဲ့ဇုန် DMZ ထဲက တပ်စခန်း ၁၁ ခုကို နှစ်ဖက်စလုံးက ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုရီးယား ၂ နိုင်ငံလုံးဟာ အောက်တိုဘာ ၁ ရက်နေ့က စပြီး နယ်စပ်စည်း တဖက်တချက်က JSA ဧရိယာအတွင်း မြေမြှုပ်မိုင်း ဖြုတ်သိမ်းရေး ရက် ၂၀ ကြာ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up