တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပြပွဲ ပိတ်ပွဲကျင်းပ

၂၀၁၈ တရုတ်နဲ့ အာဆီယံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပြပွဲ ပိတ်ပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်းမြို့မှာ အောက်တိုဘာ ၂၈ ရက်က ကျင်းပပါတယ်။ ၃ ရက်ကြာ ပြပွဲကို နိုင်ငံပေါင်း ၅၆ နိုင်ငံက ကုမ္ပဏီ ၈၀၀ နီးပါးက ကိုယ်စားလှယ်တွေ ပါဝင်ပြသခဲ့တာပါ။ ပြပွဲအတွင်း ပညာရှင်အဆင့် ဖိုရမ်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွေ ပါဝင်သလို ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ ဖလှယ်ရေး ကန်ထရိုက်တွေ လက်မှတ်ရေးထိုးတာနဲ့ ပညာရှင်အဆင့် လှုပ်ရှားမှုတွေ ပါဝင်ခဲ့ပါတယ်။ လတ်တလောနှစ်တွေအတွင်း ရဲရဲတောက် ခရီးသွားလုပ်ငန်းလို့ နာမည်ပေးထားတဲ့ တော်လှန်ရေးသမိုင်းကြောင်း ဖြစ်တည်ရာ သမိုင်းဝင်နေရာတွေဆီ သွားရောက်လည်ပတ်မှုဟာ အကြီးအကျယ် လူကြိုက်များခဲ့တာပါ။ ကွေ့လင်းမြို့ ကျိယွမ်မြို့နယ်ဟာ ဝင်ငွေနိမ့် အိမ်ထောင်စုတွေကို ဝင်ငွေတိုးအောင် ကူညီပြီး ရဲရဲတောက် ခရီးသွားလုပ်ငန်း မြှင့်တင်ကာ အကျိုးအမြတ် ရနေပါတယ်။ နိုင်ငံတကာ ခရီးသွားလုပ်ငန်းပြပွဲကို ၂၀၁၅ ခုနှစ်ကစပြီး ကွေ့လင်းပြည်နယ်မှာ နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up