A d v e r t i s e m e n t With Us

ဂူတာပြင်​​ကျေးရွာ မီး​လောင်​​မြေ​နေရာတွင် ​နေအိမ် ၁၄၁ ​လုံးဆောက်​လုပ်​မည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဂူတာပြင်ကျေးရွာ မီးလောင်မြေနေရာမှာ နေအိမ် ၁၄၁ လုံး ဆောက်လုပ်သွားမယ်လို့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးမြင့်ခိုင်​က အောက်တိုဘာ ၂၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ "ဘူသီး​တောင်​မြို့နယ်​ ဂူတာပြင်​​ကျေးရွာမှာ ကျေးရွာမီး​လောင်​ပြီး တဖက်​နိုင်​ငံထွက်​မ​ပြေးဘဲ ​နီစပ်​ရာ​ကျေးရွာတွေမှာ နေထိုင်​​နေကြတဲ့ မိသားစု​တွေအတွက်​ အိမ်​​ခြေ ၁၄၁ အိမ် ​တည်​​ဆောက်​​ပေးသွားမှာဖြစ်​ပါတယ်​။” အိမ်​အမျိုးအစားက သိန်း ၂၀ တန်​ ​မျောတိုင်​​မြေစိုက်​အိမ်​၊ ၀ါးထရံကာဖြစ်ပြီး အခုလ ပွင့်လင်းရာသီ စတင်​တည်​​ဆောက်​မယ်လို့ သိရပါတယ်။ ဂူတာပြင်​​ကျေးရွာ တာဝန်ခံ အဒူလာမိန်​က ​“မီးမ​လောင်​ဘဲ ကျန်​ခဲ့တာ အိမ်​​ခြေ ၅၀ ​ကျော်​ရှိပါတယ်။ အခု ယာယီအိမ်​​ဆောက်​​နေတာက​တော ၄၆ လုံးရှိပါတယ် အခုအစိုးရက ၁၄၁ အိမ်​ဆို​တော့ ​လုံ​လောက်​​မူရှိပါတယ်” လို့ ပြောပါတယ်။ ဂူတာပြင်ကျေးရွာမှာ ကျန်​မား​ရေး​ ဆေး​ပေးခန်း​ မရှိသေးဘဲ စာသင်​​ကျောင်းတော့ ဖွင့်ထားပြီး ကျေးရွာက ခန့်​အပ်​ထားတဲ့ ဆရာ​တွေနဲ့ သင်​ပြ​နေရတယ်လို့ ဆိုပါတယ်။ ဂူတာပြင်​ကျေးရွာမှာ ခုလက်​ရှိ လူဦး​ရေ ၉၀၀ ​ကျော် နေထိုင်​နေပြီး အကြမ်းဖက်မှု မဖြစ်ပွားခင်က ​လူဦး​ရေ ၁၈၀၀ ကျော်​နဲ့ ​နေအိမ်​ ၃၀၀ ​ကျော်​ကြောင်း သိရပါတယ်။ ဘူသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဟာ ပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုဖြစ်စဉ်တွေကြာင့် မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ တချို့မိသားစုတွေ ဘင်္ဂလားဒေ့ရှ်ကို နေရပ်စွန့်ခွာထွက်ပြေးသွားကြပြီး တချို့က နီးစပ်ရာ ဆွေမျိုတွေအိမ်မှာ နေထိုင်နေကြတာပါ။ ဗညား

A d v e r t i s e m e n t With Us

More News
Up