Lion Air ခရီးသည်တင်လေယာဉ်ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကနေ ထွက်ခွာသွားတဲ့ Lion Air လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဒီကနေ့မနက်က လေယာဉ်ထွက်ပြီး မကြာခင်မှာ ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ Lion Air လေကြောင်း ဘိုးရင်း ၇၃၇ လေယာဉ် ခရီးစဉ်အမှတ် JT-610 ဟာ ဂျကာတာကနေ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းရိုးတန်းရှိ ဘန်ကာဘီလီတန်ကျွန်း၊ ပန်းကယ်လ် ပီနန်းမြို့ကို အသွားမှာ ပျောက်ဆုံးသွားတာပါ။ လေယာဉ်ဟာ ထိန်းချုပ်ရေးစင်တာနဲ့ ဒေသစံတော်ချိန် ၇ နာရီ ၃၀ မိနစ်လောက်မှာ အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပြီး အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ချန်နယ်နယူးအေရှားသတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်ဘယ်နှစ်ယောက်ပါသွားလဲဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up