ထိုင်း-မြန်မာပူးပေါင်း၍ မီးပုံးပျံ ၃၀၀၀ လွှတ်တင်ပွဲ ကော့သောင်းတွင် ကျင်းပ
DVB
·
October 28, 2018
ထိုင်းနဲ့မြန်မာ ပူးပေါင်းပြီး မီးပုံးပျံ ၃၀၀၀ လွှတ်တင်ပူဇော်ပွဲကို ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အာနန္ဒာစေတီ ရင်ပြင်ပေါ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
“ဓမ္မစကူးဖောင်ဒေးရှင်းနဲ့ ထိုင်းနိုင်ငံဓမ္မံကာယဖောင်ဒေးရှင်းတို့ ပူးပေါင်း ပြုလုပ်တာ။ ဒါဟာ တတိယအကြိမ် ဖြစ်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ရိုးရာယဉ်ကျေးမှု ထုတ်ဖော်ပြသဖို့ လူငယ်တွေရဲ့ စုပေါင်းညီညွတ်အားနဲ့ အခုလို ပွဲတော်ကြီးတခု ခမ်းခမ်းနားနား ကျင်းပခချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ” ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်းက အတွင်းရေးမှူး ဦးယုနိုင်က ပြောပါတယ်။
မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ကော့သောင်းမြို့က မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖောင်ဒေးရှင်း ကျောင်းတွေက ကျောင်းသူကျောင်းသားတွေ ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်း အဖွဲ့ဝင်တွေ မြို့သူမြို့သားတွေ ပါဝင်ခဲ့ကြပါတယ်၊။