DVB Logo
Home
မြန်မာသတင်း
အသံလွှင့်စက်များ သက်တမ်းကြောင့် နားချိန်ထားပြီး လွှင့်နေရ
DVB
·
August 23, 2012
အသံလွှင့်စက်များ သက်တမ်းကြောင့် နားချိန်ထားပြီး လွှင့်နေရ
Donate to DVB

အစိုးရရုပ်မြင်သံကြားဌာနက အသံလွှင့်စက်တွေဟာ နှစ်ပေါင်း ၄၀ လောက် သက်တမ်း ရှိနေတာမို့ နားချိန်ထားပြီး လွှင့်ပေးနေရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။

[caption id="attachment_29680" align="alignleft" width="300" caption="ဦးရဲထွဋ်"][/caption]

လွှတ်တော် ကျင်းပချိန်ဟာ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တွေ ထုတ်လွှင့်ချိန် မဟုတ်တာကြောင့် အဲ့ဒီအချိန် လွှတ်တော်ကျင်းပနေတာကို တိုက်ရိုက်လွှင့်ပေးလို့ မဖြစ်နိုင်ဘူးလားလို့ မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“အသံလွှင့်စက်တွေရဲ့ ခံနိုင်အားနဲ့ သူ့ရဲ့ အလုပ်ပေါ့။ ကျနော်တို့ကကြားမှာ တခြား အစီအစဉ်တွေလွှင့်ချင်တာတောင်မှ အသံလွှင့်စက်တွေရဲ့ သက်တမ်း၊ ခံနိုင်အားကြောင့် ကြားမှာ နားကို နားထားပေးရတဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က အဲအချိန်လေးကို မလွှင့်နိုင်တာပါ။ ကျနော်တို့မှာ ရှိတဲ့ တချို့ အသံလွှင့်စက်တွေက နှစ်ပေါင်း သက်တမ်း ၄၀ နီးပါရှိနေတာလည်း ရှိပါတယ်။ တဖြည်းဖြည်းချင်း ကျနော်တို့ ပြန် အစားထိုးဖို့လုပ်နေတဲ့အခါမှာ နောက်ပိုင်းမှာတော့ သွားမယ့် ဒစ်ဂျစ်တယ်နဲ့ ကိုက်ညီအောင်ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။”

လွှတ်တော်တွင်း ဆွေးနွေးပွဲတွေကို အများပြည်သူ ကြည့်ရှုနိုင်အောင် အစိုးရပိုင် ရုပ်မြင်သံကြားတွေကနေ Free to air ထုတ်လွှင့်ပြသဖို့ ဆိုတာဟာ ၂၀၁၅ လောက်ကျမှ  ဖြစ်နိုင်မယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးစိုးဝင်းက ပြောပါတယ်။

ဩဂုတ် ၂၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က မေးတာကို ဒုဝန်ကြီးက ခုလို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လွှတ်တော် အစည်းအဝေးပွဲတွေကို စက်ဖိုးနဲ့ တပ်ဆင်ခ ၆ သောင်းလောက် ပေးရပြီး ၁ လ ကျပ် ၁ သောင်းနဲ့ ကြည့်ရတဲ့ စကိုင်းနက် ရုပ်သံကနေ အချိန်ဆိုင်း (တိုက်ရိုက်မဟုတ်) ထုတ်လွှင့်ပေးနေပေမယ့် အများပြည်သူ ဖမ်းယူကြည့်ရှုနိုင်ခြင်းတော့ မရှိပါဘူး။

ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဘာတွေ ဆွေးနွေးနေကြတယ် ဆိုတာကို ပြည်သူတွေက ပိုက်ဆံပေး ကြည့်နေရတယ် ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေတဲ့အပေါ်  ဦးရဲထွဋ်က ခုလို ဖြေကြားပါတယ်။

“ပထမတခုက နိုင်ငံတကာမှာလည်း ပုဂ္ဂလိက သတင်းမီဒီယာတွေက လွှတ်တော်အတွင်းမှာ ဆွေးနွေးနေတဲ့ဟာတွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ဟာတွေကို သူတို့ ကောက်နုတ်ဖော်ပြလေ့ ရှိပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ မိန့်ခွန်းတွေဆိုရင် တိုက်ရိုက်လွှင့်ပြပါတယ်။ သို့သော်ကျနော်တို့က နိုင်ငံပိုင်မီဒီယာ ဖြစ်တဲ့အတွက် သတင်းချိန်တွေမှာ ကြည့်လိုက်ရင်၊ သတင်းစာတွေရဲ့ စာမျက်နှာတွေကို ဖတ်လိုက်ရင် ပုဂ္ဂလိက သတင်းစာတွေထက်၊ ရုပ်သံဌာနတွေထက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ ဌာနတွေရဲ့ ဖြေကြားချက်တွေထဲက အရေးကြီးတဲ့ဟာတွေကို ကျနော်တို့ ကောက်နုတ်ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

“နောက်တခုက နိုင်ငံတကာမှာ လွှတ်တော်က ဟာတွေ အကုန်လုံးကို တိုက်ရိုက်လွှင့်ပြတာဆိုရင် အမေရိကန်လို နိုင်ငံမျိုးဆိုရင် လွှတ်တော်ရဲ့ ရန်ပုံငွေနဲ့ ထူထောင်ပြီး လွှင့်တာမျိုး ရှိပါတယ်။ ကျနော်တို့ကတော့ နိုင်ငံပိုင် မီဒီယာကို သွားပြီး လက်ရှိ ပေးလို့ရနိုင်တဲ့စာမျက်နှာနဲ့ လွှင့်တဲ့အချိန်တွေထဲကနေ cover ဖြစ်အောင် ကျနော်တို့ အများကြီး ပေးထားပါတယ်။ ပြောသမျှ အစအဆုံး လွှင့်ဖို့ကတော့ ကျနော်တို့ ဒီဂျစ်တယ်စနစ်ကို ရောက်မှ လုပ်ပေးနိုင်မယ့် အခြေအနေ ရှိပါတယ်။”
ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက်ရုပ်သံဟာ ဂြိုလ်တုစနစ်ကနေ လိုင်းပေါင်း ၆၀ ကျော် ထုတ်လွှင့်ပေးနေပြီး အဲဒီအထဲမှာ လွှတ်တော် channel လည်း တခု အပါအ၀င် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013