ဘူးသီးတောင်နှင့်မောင်တောတွင် အဝေးသင်တက္ကသိုလ်စာမေးပွဲ စတင်စစ်ဆေး
DVB
·
October 28, 2018
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့မှာ အဝေးသင်တက္ကသိုလ်စာမေးပွဲ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေကြပါတယ်။
၂၀၁၈ အဝေးသင်တက္ကသိုလ် (စစ်တွေဌာနခွဲ) ဘူးသီးတောင် မောင်တောရှိ ဒုတိယအသုတ် အဝေးသင်ကျောင်းသား/သူတွေကို အောက်တိုဘာ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အနီးကပ်သင်ကြားပေးခဲ့ပြီး အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ စားမေးပွဲးစစ်ဆေးသွားမယ်လို့ တွဲဖက်ပါမောက္ခနော်ဘလူဆဲက ပြောပါတယ်။
ဒုတိယအသုတ် အဝေးသင်စာမေးပွဲမှာ ဘူးသီးတောင်မြို့မှာ ဖြေဆိုသူ ၂ ယောက်ရှိပြီး မောင်တောမြို့မှာ ဖြေဆိုသူ ၁ ယောက်သာ ရှိပါတယ်။ တတိယအသုတ် အဝေးသင်စားမေးပွဲ မှာ ဖြေဆိုမယ့် ကျောင်းသား/သူ ဦးရေ ဘူသီးတောင်မြို့မှာ ၂၃၆ ယောက်နဲ့ မောင်တောမြို့မှာ ၇၂ ယောက် ရှိတယ်လို့ သိရပါတယ်။
၂၀၁၂ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေကြောင့် အစ္စလမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး ၅ နှစ်အကြာမှာ အခုလို အဝေးသင်တက္ကသိုလ်ဌာနခွဲတွေကို ဖွင့်လှစ်ကာ ပညာသင်ကြားခွင့်ရရှိရေး စီစဉ်ဆောင်ရွက် ပေးလာတာလည်း ဖြစ်ပါတယ်။