A d v e r t i s e m e n t With Us

ဗြိတိန်ဘတ်စ်ကားကုမ္ပဏီ လေသန့်စင်ကိရိယာဖြင့် စမ်းသပ်မောင်းနှင် စတင်

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ဘတ်စ်ကားကုမ္ပဏီတခုက ကားမောင်းနေစဉ်မှာ လေကို စစ်ထုတ်သန့်စင်ပေးမယ့် စမ်းသပ်မောင်းနှင်မှုကို စတင်လိုက်ပါတယ်။ ဒါကတော့ ကားခေါင်မိုးမှာ လေသန့်စင်ကိရိယာတပ်ပြီး စမ်းသပ်မောင်းနှင်နေတဲ့ ဘတ်စ်ကားတစီးပါ။ အဲဒီကိရိယာကို Pall Aerospace ကုမ္ပဏီက ဒီဇိုင်းထုတ်ပြီး ပတ်ဝန်းကျင်လေကို ပိုမို သန့်ရှင်းစေတယ်လို့ Bluestar bus ပိုင်ရှင်တွေက ပြောပါတယ်။ “ဘတ်စ်ကားတွေဟာ လေထုအရည်အသွေး ထိန်းသိမ်းမှု တစိတ်တပိုင်းဖြစ်ပါတယ်။  ဘာလို့ဆိုတော့ ဘတ်စ်ကား တစီးနဲ့ အိမ်စီးကားများစွာ အသုံးချတာကို လျှော့ချနိုင်လို့ပါ။ ခေတ်မီ ဒီဇယ်ကားတစီးမှာ လူ နှစ်ယောက် သုံးယောက်ပဲ စီးလို့ရတယ်။ ဘတ်စ်ကား တစီးမှာတော့ လူ ၆၀ လောက်စီးလို့ရပါတယ်။ ဒါတောင် ဒီဘတ်စ်ကားဟာ အိမ်စီး ဒီဇယ်ကားထက် ဓာတ်ငွေ့ ထုတ်လွှတ်တာနည်းတယ်။ ဒါကြောင့် ဘတ်စ်ကား အသုံးပြုတာဟာ လေထုအရည်သွေး ထိန်းသိမ်းတဲ့ ဖြေရှင်းနည်းဆိုတာ သံသယမရှိပါဘူး။ နောက်ပြီး လေသန့်စင်ကိရိယာကလည်း ဒါကို ပိုပြီး ထိရောက်မှု ရှိစေပါတယ်” လို့  GO SOUTH COAST ကုမ္ပဏီ MD အင်ဒရူး ၀စ်ခမ်က ရှင်းပြပါတယ်။ ဘတ်စ်ကား စွမ်းအင်နဲ့ မောင်းနှင်တဲ့ လျှပ်စစ်ပန်ကာ ၃ လုံးဟာ လေသန့်စင်ကိရိယာကနေ တဆင့် လေကို စုပ်ပြိး လေထုညစ်ညမ်းမှု အဓိက အစိတ်ပိုင်းဖြစ်တဲ့  PM10s လို အမှုန်တွေကို ဖယ်ရှားပေးတာဖြစ်ပါတယ်။ “စွမ်းဆောင်ရည် ရာနှုန်းပြည့်နီးပါးရှိတဲ့ လေသန့်စင်ကိရိယာတခုဟာ တနှစ်မှာ ကုဗမီတာ သန်း ၂၀ နဲ့ ညီမျှတဲ့ လေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါဟာ ၁၀ မီတာ အချင်းဝက်အတွင်း မောင်းနှင်တဲ့ ဘတ်စ်ကားလမ်းကြောင်းမှာရှိတဲ့ လေကို သန့်စင်တဲ့ ပမာဏနဲ့ အတူတူပါပဲ။ ဒါဆို အဲဒီဘတ်စ်ကားတွေ အများကြီး လမ်းမမှာ မောင်းနှင်မယ်ဆိုရင် လေသန့်စင်ခြင်းကို သိသိသာသာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။” လို့လည်း PALL AEROSPACE ဈေးကွက် ဒါရိုက်တာ စတိဗ် ဆင်မ်ဆွန်က ပြောပါတယ်။ အခုအခါ အဲဒီ လေသန့်စင် ကိရိယာနဲ့ ၃လကြာ စမ်းသပ်မောင်းနှင်မှု ပြုလုပ်နေပြီး  Go-Ahead ဂရုပ်အနေနဲ့ ကိရိယာကို သူပိုင် ဘတ်စ်ကား အစီး ၅ ထောင်ကျော်မှာ တပ်ဆင်မလား ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်မြို့လေးဟာလည်း အန္တရာယ်များတဲ့ လေထုညစ်ညမ်းမှုကို ကန့်သတ်တဲ့ ဗြိတိန်နိုင်ငံ မြို့တမြို့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိမှတ်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up