DVB Logo
Home
မြန်မာသတင်း
စမတ်ကတ်ဖြင့် ဘဏ်ခွဲတခုတွင် ပင်စင်ထုတ်နိုင်ပြီ
DVB
·
August 23, 2012
စမတ်ကတ်ဖြင့် ဘဏ်ခွဲတခုတွင် ပင်စင်ထုတ်နိုင်ပြီ
Donate to DVB

ပင်စင်လစာကို စမတ်ကတ်သုံးပြီး ထုတ်ယူနိုင်တော့မယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ရန်ကုန်မြို့က မြန်မာ့စီးပွားရေးဘဏ်ခွဲ - ၂ မှာ စမတ်ကတ်နဲ့ ပင်စင်ထုတ်ပေးတဲ့ အီး-ပင်စင်စနစ် ကို သြဂုတ် ၂၁ ရက်ကစပြီး စတင် စမ်းသပ် လုပ်ဆောင်ပေးနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

[caption id="attachment_29675" align="alignleft" width="300" caption="မြန်မာ့စီးပွားရေးဘဏ်ခွဲ-၂"][/caption]

မနေ့က စမတ်ကတ်သွားလုပ်ခဲ့တဲ့ စီးပွားရေးဆောင်းပါးတွေ ရေးနေသူ ဦးဟန်ထွန်း (အခွန်) က သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ပင်စင်စာအုပ်အဟောင်းကို မသုံးတော့ဘူးပေါ့ဗျာ။ ဒီ ကတ်ကိုပဲ သုံးတော့မယ်ပေါ့။ ဒီ ကတ်မှာက ပင်စင်စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေ တော်တော်များများကို ထည့်မှတ်ထားပြီးသား ဖြစ်နေတယ်။ ထုတ်ရမယ့်ရက်တွေ ဘာတွေကျတော့ ပင်စင်စာအုပ်နဲ့ ထုတ်စဉ်အခါတုန်းကလိုပဲ ၂၀ ရက်ကျော်မှ အဲလအတွက် ပင်စင်ထုတ်လို့ရမှာပေါ့။ နောက်တခါ ထုတ်တဲ့အခါမှာ ကိုယ်တိုင်ထုတ်ရင် အီး ပင်စင်ကတ်နဲ့ မှတ်ပုံတင်ပဲလိုတယ်။ အီး ပင်စင်ကတ်ပေးမယ်၊ ပြီးရင် ကွန်ပျူတာကိုင်တဲ့ကလေးက ကွန်ပျူတာနဲ့ စစ်တယ်၊ နောက် လာထုတ်တဲ့သူကို web-cam နဲ့ ဓာတ်ပုံရိုက်ထားမယ်။ အဲလိုစနစ်နဲ့လုပ်မယ်လို့ ပြောတယ်။ e-pay card ကို ပင်စင်စားပုဂ္ဂိုလ်က ၃၅၀၀ နဲ့ ၀ယ်ရတာ။ အစိုးရကလည်း အလကားပေးတာ မဟုတ်ဘူး။ ကုမ္ပဏီကလည်း ရောင်းတာ။”

လောလောဆယ် ဘဏ်ခွဲ ၂ တခုမှာသာ ထုတ်လို့ရပြီး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကျမှ ဘဏ်တိုင်းမှာ ထုတ်ရနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စာရေးဆရာ အယ်ဒီတာ ဒေါက်တာခင်မောင်ညိုက “စမတ်ကတ်ဆိုတာက ဘဏ်ထဲကို ထိုးလိုက်ရင် ပိုက်ဆံထွက်လာတာမျိုးမှ မဟုတ်ဘဲ။ ချက် လိုမျိုးပါပဲ။ နံပါတ်နဲ့ဘာနဲ့ ဘယ်နေရာမဆို ထုတ်လို့ရတာပေါ့။ သူ့ဘဏ်မှာ သူ့စာရင်းနဲ့ သူထုတ်တာပဲလေ။ သိပ်များများကြီးတော့ မထူးပါဘူး။ အိုင်ဒီကတ်တခု ပေးထားတဲ့သဘောမျိုးပါပဲ။ ခရိုနီတယောက်ယောက်က ဒီလုပ်ငန်း၊ ကန်ထရိုက်ကိုရပြီးတော့ လုပ်တယ်လို့မြင်တာပေါ့။ ကျနော်တို့ မြင်တိုင်း မြင်တိုင်းမှာ သူတို့ ဒီလုပ်ငန်းတခုကို သူတို့လိုတာထက်ကို ပိုပြီးတော့ လုပ်ကြတာမျိုးက အခုထိရှိတယ်။ ပွင့်ပွင့်လင်းလင်းမပြောကြဘူး။ စမတ်ကတ်ဆိုတာဟာ ကျနော်တို့စိတ်ထင် နားလှည့်ပါးရိုက် သဘောမျိုး လုပ်တာပါ။ ငွေစာရင်းထဲ ထည့်ထားပြီးတော့ ဒီ စာရင်းကို သူကြိုက်တဲ့အချိန် ထုတ်သွားရတာပဲလေ၊ ၁ လ ၁ ခါ၊ ကျနော်တို့ လစာထုတ်ရင်လည်း ငွေစာရင်းထဲ ၀င်သွားတာပဲလေ။ အဲလို ထုတ်လို့ရတာမျိုး မဟုတ်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စမတ်ကတ်ဖြင့် ဘဏ်ခွဲတခုတွင် ပင်စင်ထုတ်နိုင်ပြီ