Home
မြန်မာသတင်း
မြိတ်မြို့နယ်တွင် လူ ၃ ဦး မိုးကြိုးပစ်ခံရ၊ ၁ ဦး သေဆုံး
DVB
·
October 27, 2018
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ လူ ၃ ဦး မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းဝင်းအနီး တဲအတွင်းမှာ ထက်ကိုလင်း (၂၁) နှစ်အပါအဝင် ၃ ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံခဲ့ရတာပါ။ မိုးကြိုးပစ်ခံရပြီး ၃ ဦးလုံး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာကြောင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် ညနေ ၃ နာရီခွဲမှာ ထက်ကိုလင်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ထက်ကိုလင်း သေဆုံးမှုအား မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄၇/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024