DVB Logo
Home
မြန်မာသတင်း
အဆောင်အယောင်လိုချင်၍ ပြည်ထောင်စုအဆင့်အဖြစ် တောင်းဆိုနေခြင်း မဟုတ်ဟုဆို
DVB
·
August 23, 2012
အဆောင်အယောင်လိုချင်၍ ပြည်ထောင်စုအဆင့်အဖြစ် တောင်းဆိုနေခြင်း မဟုတ်ဟုဆို
Donate to DVB

အခွင့်အရေးနဲ့ အဆောင်အယောင်တွေကို လိုချင်တာကြောင့်မဟုတ်ဘဲ အစိုးရကို အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ တန်းတူမှုရှိအောင် ပြည်ထောင်စုအဆင့် သတ်မှတ်ပေးဖို့ တောင်းဆိုရတာလို့ ပြည်သူ့လွှတ်တော် ကော်မတီဝင်တဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

[caption id="attachment_29670" align="alignright" width="300" caption="ဦးခိုင်မောင်ရည်"][/caption]

သမ္မတက ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့တဲ့ သ၀ဏ်လွှာထဲမှာ လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်လိုက်ရင် အဆောင်အယောင်နဲ့ အခွင့်အရေး ပေးရမယ်ဆိုတဲ့ အချက်အပေါ်ကို ဝေဖန်ပြောကြားလိုက်တာပါ။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးမှုကော်မတီဝင် ဦးခိုင်မောင်ရည်က “ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးလို့ စာတွေ၊ စကားတွေ ခဏခဏ ပေါ်လာတဲ့အတွက် ရှင်းရမယ့် ၀တ္တရားရှိလို့သာ ပြည်သူ့လွှတ်တော်က ရှင်းကြတာ ဖြစ်တယ်။ အဲဒီရှင်းတဲ့ ကိစ္စကိုလည်း သုံးယောက်တယောက် လက်မှတ်ထိုးခြင်း ဆိုတဲ့ကိစ္စကလည်း တကယ်တော့ ရှိနေတဲ့သူတွေ အားလုံး ထိုးနိုင်ပါတယ်။ သို့သော် လွှတ်တော်တက်နေတာက ကိုယ့်အဆင့်တွေ လိုချင်လို့ တက်နေကြတာ မဟုတ်ဘူး။ facility (အထောက်အပံ့ပစ္စည်း)တွေ လိုချင်လို့ တက်နေတာ မဟုတ်ဘူး။ ဒါပေမယ့် အခုဟာက အခွင့်အရေးတောင်းတာ မဟုတ်ဘဲ မိမိအဆင့်ကို သတ်မှတ်ပေးဖို့ကို ပြောတာ။ check in balance ဆိုတဲ့ စကားကို အသွင်သွင်သုံးလာတဲ့ဟာ level တူမှ check လို့ရမှာ၊ အပြန်အလှန် ထိန်းညှိတယ်ဆိုတဲ့စကားကို level မတူတဲ့သူက ဘယ်လိုလုပ် ထိန်းညှိမှာလဲ။ level တူမှပဲ ထိန်းညှိလို့ရမှာ။ ဒါသည် အဆင့်တခုကို ပြောခြင်း ဖြစ်တယ်။ အခွင့်အရေးတောင်းခြင်း ဖြစ်တယ်။”

ဒါ့အပြင် လွှတ်တော်တွေက တဖက်၊ အစိုးရအဖွဲ့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တဖက် ဖြစ်ပွားနေတဲ့ ဒီအငြင်းပွားမှုမှာ တင်းမာမှုတွေ ဆက်ဖြစ်နေရင်တော့ လွှတ်တော်အနေနဲ့ စွပ်စွဲပြစ်တင်မှုတွေကို ဆက်လုပ်ရမယ့်အခြေအနေ ရောက်လာပြီလို့လည်း ဦးခိုင်မောင်ရည်က ပြောပါတယ်။

“စွပ်စွဲခြင်းဆိုတဲ့ကိစ္စက တကယ်က ဒီဘက်က ဘာမှ ဆန္ဒ မရှိပါဘူး။ စွပ်စွဲခြင်းဆိုတဲ့ ဆန္ဒကို အခုဟာက.....။ နောက်ဆုံး တဖက်မှာ တင်းမာမှုရှိရင် လွှတ်တော်မှာ ဆက်သွားကြရမယ့် အခြေအနေ ရှိနေတော့ ဒီအခြေအနေမျိုး မဖြစ်ခင်မှာ ဘယ်လိုပဲဖြစ်ဖြစ် တဖက်က ပြန်ပြီးတော့ စဉ်းစားသင့်တယ်လို့ မြင်တာပေါ့နော်။ အချိန်မီ လွှတ်တော်ကို သ၀ဏ်လွှာတစောင် ရောက်လာရင် ကောင်းမယ်။”

စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်တဲ့နေရာမှာ ပြည်သူ့လွှတ်တော်အပြင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေပါ သဘောထား တထပ်တည်း ရှိနေပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဒီကိစ္စမှာ ကြားကနေ မှန်မှန်ကန်ကန် ရပ်တည်ပေးဖို့ တောင်းဆိုတယ်လို့ ဦးခိုင်မောင်ရည်က ဆက်ပြောပါတယ်။

“သူတို့က လက်ရှိ အစိုးရ၀န်ထမ်းတွေ ဖြစ်နေကြတယ်။ အစိုးရအပေါ်မှာ သူတို့က ဘာပဲပြောပြော တပ်မတော်သားသည် အဆင့်ဆင့် အမိန့်နာခံရသူတွေ ဖြစ်နေတယ်။ အဲဒီအတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက သူတို့ရဲ့ အုပ်ချုပ်ပုံ အဆင့်ဆင့်မှာ ရှိနေတဲ့အတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့်က တပ်မတော်သား တဦးရဲ့  ဘောင်ထဲမှာပဲ ရှိနေတဲ့အတွက် ဘောင်ခတ်ထားမှု ရှိနေတယ်လို့ ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆွေးနွေးတဲ့အခါ အမြင်ချင်းတွေ မတူကြတာ တွေ့နေရတယ်။ အရင်တုန်းက ဘာပဲ ဆွေးနွေးဆွေးနွေး အမြင်တူတယ်။ ဒီကိစ္စမှာ အမြင်တွေ ကွဲတာ။ အဲဒီတော့ တပ်မတော်သားသည် ကျနော့်အနေနဲ့တော့ ကြားမှာပဲ နေစေချင်ပါတယ်။”

ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့အတူ သမ္မတတို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒီအငြင်းပွားမှုတွေ ဖြစ်နေတဲ့ကာလအတွင်း ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင် ၁၉ ခုကို သက်တမ်း ထပ်တိုးထားပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ရဲ့ စုစုပေါင်း ကော်မတီ၊ ကော်မရှင် ၂၅ ခုမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အားလုံးနည်းပါးကို အဖွဲ့ဝင်အဖြစ် လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013