DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးအခင်းကြောင့် အေအယ်လ်ပီရုံးဖွင့်ရေး ကြန့်ကြာ
DVB
·
August 23, 2012
ရခိုင်အရေးအခင်းကြောင့် အေအယ်လ်ပီရုံးဖွင့်ရေး ကြန့်ကြာ
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက သြဂုတ်လ ပထမအပတ်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ဆက်ဆံရေးရုံးကို ပြည်နယ်မတည်ငြိမ်းသေးတဲ့အတွက် မဖွင့်နိုင်သေး ဘဲ ဖြစ်နေပါတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ဧပြီလ ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ရတုန်းက ပထမဆုံး ဆက်ဆံရေးရုံးကို ကျောက်တော်မြို့မှာ သြဂုတ်လ ပထမအပတ် ဖွင့်ဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုတွေကြောင့် အစိုးရဘက်က ရုံးဖွင့်ရေးကိစ္စကို ဆိုင်းငံ့ထားတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ဦးခိုင်သုခ က ပြောပါတယ်။

“ဆက်ဆံရေးရုံးကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်ဘက်မှာ အခြေအနေတွေ ရှုပ်ထွေးနေတဲ့ အတွက်ကြောင့် ခဏလောက် ရပ်ဆိုင်းထားပါဆိုပြီး အစိုးရဘက်က ပြောလာလို့ ကျနော်တို့ဘက်က ကြန့်ကြာနေတာ ဖြစ်ပါတယ်။”

ဒါပေမယ့် ကျောက်တော်မြို့အခြေအနေ ပြန်ငြိမ်သက်စပြုပြီ ဖြစ်တဲ့အတွက် ဒီ ၁ ပတ်၊ ၂ ပတ်အတွင်း ဆက်ဆံရေးရုံးကို ဖွင့်လှစ်နိုင်လိမ်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးခိုင်သူခက ပြောပါတယ်။

“အခုကတော့ နည်းနည်း အခြေအနေတွေက ပြန်ငြိမ်လာပြီဆိုတော့ ရုံးဖွင့်လို့ရမယ့် အခြေအနေတွေ ရှိလာပြီလို့ ယူဆတယ်လေ။ အစိုးရဘက်ကို နည်းနည်း တိုင်ပင်နေတဲ့ လူတွေ ရှိပါတယ်။ သူတို့ဘက်ကလည်း ဖွင့်လိုရပြီဆိုတဲ့ သဘောလည်း ပြောလာတာရှိပါတယ်။ ဒါကြောင့် ၁ ပတ်၊ ၂ ပတ်အတွင်းမှာ ရုံးဖွင့်လို့ ရနိုင်မယ်လို့ ထင်တယ်။”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ဆက်ဆံရေးရုံးတွေကို ကျောက်တော်မြို့အပြင် စစ်တွေ၊ ရန်ကုန်၊ မြ၀တီ၊ မောင်တော၊ ပလက်ဝ စတဲ့မြို့တွေမှာလည်း ဖွင့်လှစ်ဖို့ ရခိုင်ပြည်နယ်အစိုးရနဲ့ သဘောတူညီထားကြပြီးဖြစ်ပါတယ်။

နှစ်ဖက် သဘောတူညီချက်တွေမှာ ပစ်ခတ်မှုရပ်တန့်ရေး၊  ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ အပစ်အခတ်ရပ် ကာလအတွင်း နယ်မြေကျော်လွန်ပြီး လက်နက်ကိုင်ဆောင် အသွားအလာကို ကြိုတင် ညှိနှိုင်းရေး၊ ပါတီဝင်တွေကို တနိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်ပြုရေးနဲ့  ရခိုင်ဒေသ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်နိုင်ဖို့ ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားကြရေးတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013