A d v e r t i s e m e n t With Us

ဂျပန်ဝန်ကြီးချုပ်နှင့် နျူကလီးယားဆန့်ကျင်ရေး ဆန္ဒပြသူအချို့ ဆွေးနွေး

နျူကလီးယားစွမ်းအင် ဆန့်ကျင်ေရး ဆန္ဒြပသူများ (ဓာတ်ပံု-ရိုက်တာ)
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ (Yoshihiko Noda) ဟာ ၀န်ကြီးချုပ်ရုံးရှေ့မှာ နျူကလီးယားစွမ်းအင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေနဲ့ မနေ့က ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ [caption id="attachment_29658" align="alignleft" width="300" caption="နျူကလီးယားစွမ်းအင် ဆန့်ကျင်ရေး ဆန္ဒပြသူများ (ဓာတ်ပုံ-ရိုက်တာ)"][/caption] ဆန္ဒပြတဲ့ ကိုယ်စားလှယ်တချို့ဟာ နျူကလီးယား ဓာတ်ပေါင်းဖို ပြန်လည် စတင်ဖို့ ၀န်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ မေးမြန်းခဲ့သလို နျူကလီးယား စွမ်းအင်ကို စွှန့်လွတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့် ပြန်စရသလဲဆိုတာ ရှင်းပြဖို့တောင်းဆိုခဲ့တယ်လို့ နျူကလီးယား ဆန့်ကျင်ရေး တက်ကြွလှုပ်ရွားသူတဦးက ပြောပါတယ်။ “ပါလီမန်ကို မတင်သွင်း၊ အတည်ပြုချက်မလုပ်ဘဲ တဦးတည်းသဘောနဲ့ ဆုံးဖြတ်ခဲ့ပြီးတော့ ဘယ်လောက်ထိ တာဝန်မဲ့သလဲဆိုတာ အံဩမိတယ်”လို့လည်း ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ စီးပွားရေးအဖွဲ့တွေရဲ့ လွှမ်းမိုးမှု မရှိတဲ့ အကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ မိနစ် ၃၀ ကြာဆွေးနွေးပွဲ အပြီးမှာတော့ ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အပြင်ဘက်က ဆန္ဒပြတဲ့သူတွေကို ပြန်ပြောပြပါတယ်။ အစိုးရက တောင်းဆိုတာတွေကို မလိုက်နာဘူးဆိုရင် ဆက်ပြီးတော့ ဆန္ဒပြမယ်လို့ တက်ကြွ လှုပ်ရှားသူ မီဆာအိုရှင်နိုတို (Misao Shinoto) က ပြောပါတယ်။ ဆန္ဒပြတဲ့ လူ ၁၀၀ လောက်ဟာ နျူကလီးယား စွမ်းအင်ကို ဆန့်ကျင်တယ်၊ ပြန်မစရဘူးလို့ ၀န်ကြီးချုပ်ရုံး အပြင်ဘက်မှာ အော်ဟစ်ခဲ့ကြပါတယ်။ “ဂျပန်ပြည်သူတွေက အစိုးရဘာလုပ်လုပ် နားထောင်ခဲ့ပေမယ့် အစိုးရက မပြောင်းလဲတဲ့အတွက် ကျမတို့ကတော့ ဆက်လုပ်ရမယ်”လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ ဖူကူရှီးမား ဘေးအန္တရာယ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာ ဘေးအန္တရာယ် သင့်တာကို မဖြေရှင်းရသေးဘဲ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပြန်စခဲ့တာကို လူတွေက ဒေါသထွက်ပြီးတော့ ၀န်ကြီးချုပ်ရုံးရှေ့မှာ မတ်လကစပြီး အပတ်စဉ် ပုံမှန်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဂျပန် ၀န်ကြီးချုပ်နဲ့ သူ့ရဲ့ ဂျပန် ဒီမိုကရက်တစ်ပါတီ (DPJ)အတွက် စွမ်းအင် မူဝါဒက အဓိက ခေါင်းကိုက်စရာလည်း ဖြစ်နေပါတယ်။ လူထုလုံခြုံရေး စိုးရိမ်မှုဖိအားတွေနဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ နျူစွမ်းအင် အသုံးမပြုဖို့ ပစ်မှတ်ထားတာကို အစိုးရက ရင်ဆိုင်နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up