Home
မြန်မာသတင်း
ကော့သောင်းတွင် ထိုင်းနိုင်ငံသားများထံမှ လက်နက်နှင့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 26, 2018
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ထိုင်းနိင်ငံသား ၃ ဦးကို မူးယစ်ဆေးဝါးတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ အောက်တိုဘာ ၂၄ ရက်က ဖမ်းမိခဲ့တယ်လို့  ကော့သောင်း မူးယစ်တပ်စု (၃၄) ရဲမှူးဖြိုးလှိုင်ဘွားက ပြောပါတယ်။ သတင်းအရ ခမောက်ကြီးမြို့ ဖောသုတ်ကျေးရွာမှာ တဖက်နိုင်ငံကနေ လာရောက်တိမ်းရှောင်ခိုအောင်းနေတဲ့ တရားခံပြေး နိုင်အေကဖွန် (ခ) နိုင်အေ့နေအိမ်ကို မူးယစ်ရဲမှူး ဖြိုးလှိုင်ဘွားနဲ့အဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့တာပါ။ အိုက်စ်မူးယစ်ဆေး ၈၇၄.၈ ဂရမ် (တန်ဖိုး ၁၇၄ သိန်းကျော်)၊ wy စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၁၄၀၀ ပြား (တန်ဖိုးကျပ် ၄၂ သိန်း)၊ ဆေးခြောက်ဘလောက်တုံး  ၂၄၇ ဂရမ် (တန်ဖိုး ကျပ် ၇၄၁၀၀)၊ စနိုက်ပါ မှန်ပြောင်းတပ် ပြောင်းရှည်ရိုင်ဖယ်သေနတ် ၁ လက်နဲ့ ကျည် ၃၉ တောင့်၊ ၉ မမ ပစ္စတိုတလက်၊ ကျည်အတောင့် ၇၀ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းအနီးရှိ နိုင်ချွတ်ရဲ့ နေအိမ်ကိုရှာဖွေရာ wy စိတ်ကြွဆေး ၈၀ ပြား၊ အိုက်စ် ၅၀ ဂရမ်ပါ ဆယ်ထုပ်စုစုပေါင်း ၅၀၀ ဂရမ်( တန်ဖိုးကျပ်သိန်း၁၀၀)၊ WYပန်းရောင် ၂၀၀ ပြားပါ ၂၂ထုပ် (တန်ဖိုး ၁၃၄သိန်းကျော်)နဲ့ အမေရိကန်လုပ် ၃၈ ဘို့ ခြောက်လုံးပြူးတလက်၊ ကျည် (၁၅)တောင့်၊ ၃၂ဘို့ ဆုံလည်ခြောက်လုံးပြူးတလက်တို့ ဖမ်းမိပါတယ်။ အတူတွေ့ရှိတဲ့ ထိုင်းနိုင်ငံသား နိုင်ကြေးရစပ်ထံက အိုက်စ် ၄ဒသမ၃ ဂရမ်  သိမ်းဆည်းရမိခဲ့ကာ ကွင်းဆက်တရားခံတွေဖြစ်တဲ့ မိုးဇော်ဦးထံက WY ၁၅ ပြား (တန်ဖိုး ၄၅၀၀၀ ကျပ် ၊ထိုင်းဘတ်ငွေ ၄၈၀၀၊ ဆိုင်ကယ်မောင်းဝင်လာသူ စိုးပြည့်ကျော် ထံက WY ၃၄ ပြား (တန်ဖိုး ၁၀၂၀၀၀) ၊ အိုက်စ် ၁ ဂရမ်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား မိုးဇော်ဦးနဲ့ စိုးပြည့်ကျော်တို့ကို မူးယစ်ပုဒ်မတွေနဲ့ ကော့သောင်းမြို့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံသား ၃ဦးကိုတော့ မူးယစ်ပုဒ်မနဲ့ လက်နက်ပုဒ်မတွေ အပြင် လဝကပုဒ်မတွေနဲ့ပါ တရားစွဲနိုင်ဖို့ စစ်ဆေးနေပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024