DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြား
DVB
·
August 23, 2012
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြား
Donate to DVB

ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ များပြားလာတဲ့အတွက် နေ့စဉ် ခရီးသွားပြည်သူတွေ၊ အလုပ်ဆင်း ဝန်ထမ်းတွေနဲ့ ကားသမားတွေ အခက်ကြုံနေရပါတယ်။

အရင်က ၁ နာရီဝန်းကျင်နဲ့ သွားရတဲ့ခရီးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ခရီးသွားသူတွေအတွက် ကားပေါ်မှာပဲ အချိန် ၃ နာရီလောက် ပိုပြီး ကြာလာတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။

လှိုင်သာယာကနေ မြို့ထဲကို နေ့တိုင်းအလုပ်ဆင်းနေတဲ့ ဝန်ထမ်းတွေအတွက်  အသွားအပြန်  ၆ နာရီလောက် အချိန်ပေးနေရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အလုပ်သွားဖို့ မနက် ၇ နာရီခွဲ လောက်ကတည်းက ထွက်ရတယ် အဲဒီ အချိန်တောင် ကားကြောကပိတ်နေပြီ။ အဲ့ထက် စောထွက်မယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။ မနက် ၇ နာရီကနေ ၁၁ နာရီလောက်အထိ ပိတ်တယ်။ ညနေရုံးဆင်းချိန် ၅ နာရီခွဲဆိုရင် အဲဒီအချိန်မပြန်ရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ၅ နာရီပြန်ရင် အိမ်ကို ၈ နာရီလောက်မှရောက်တယ်။ တချို့လူတွေဆို ရုံးနဲ့ နားလည်မှုလုပ်ပြီး နည်းနည်း စောစောပြန်ကြတာရှိတယ်။”

ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ခရီးသည်ယာဉ်တွေလည်း အခေါက်ပြည့်မီအောင် မောင်းဖို့ ခက်ခဲလာတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

“ဒီလိုလမ်းပိတ်နေတော့ အခေါက်ရေ လျော့သွားတာပေါ့။ ရှာဖွေငွေလည်း ခက်လာတာပေါ့။ ကားတွေထပ်နေတော့ မနက်ရုံးသွားချိန်နဲ့ ရုံးပိတ်ချိန်မှာ ပိတ်ဆို့မှုတွေ ပိုဖြစ်ပါတယ်။ ကားနဲ့လမ်းနဲ့ မမျှဘူးဖြစ်နေတာပေါ့နော်”

ရန်ကုန်မြို့မှာ ကားအစီးရေတိုးလာတာ၊ ယာဉ်သွားလမ်း ကျဉ်းကျပ်တာတွေ ခုံးကျော် တံတား တည်ဆောက်နေတာတွေကြောင့် အခုလို ခရီးသွားသူတွေ နေ့စဉ် ကားပေါ်မှာ အချိန် အများကြီးကုန်ဆုံးနေရပါတယ်။
လှည်းတန်း၊ ပေါက်တောဝ၊ ဘုရင့်နောင်လမ်းဆုံ၊ သီရိမင်္ဂလာဈေးသစ်ရှေ့နဲ့ အင်းစိန်ခုံးကျော် တံတားပေါ်တွေမှာ ယာဉ်ကြောပိတ်မှုတွေ မကြာခဏ     ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013