Saturday, June 10, 2023
HomeLead Storyအကြီးဆုံး စစ်ရေးလေ့ကျင့်မှု နေတိုးမဟာမိတ်အဖွဲ့ စတင်

အကြီးဆုံး စစ်ရေးလေ့ကျင့်မှု နေတိုးမဟာမိတ်အဖွဲ့ စတင်

စစ်အေးခေတ်အပြီးမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုး (မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့) က အောက်တိုဘာ ၂၅ ရက်မှာ စတင်လိုက်ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုကို သမုဒ္ဒရာစောင့်နတ်ရဲ့ အသွား ၃ ခု ခက်ရင်းခွ Trident Juncture လို့ နာမည်ပေးထားပါတယ်။

“နေတိုးရဲ့ ရေပိုင်နက်ထဲမှာဖြစ်လာတဲ့ ဘယ်လိုလုံခြုံရေး အခြေအနေကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့ ကျနော်တို့က အမြဲအဆင်သင့်ပဲ။ ဒါဟာ ကျနော်တို့ လေ့ကျင့်ရတဲ့ တခုတည်းသော အကြောင်းရင်းပဲ” လို့ နေတိုး အရာရှိတယောက်က ဆိုပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုမှာ နေတိုးမဟာမိတ်နိုင်ငံ ၂၉ နိုင်ငံစလုံးက အရာရှိစစ်သည် အင်အား ငါးသောင်း ပါဝင်လေ့ကျင့်မှာဖြစ်ပြီး နေတိုးရဲ့ မိတ်ဖက်ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ပါမယ်။

အောက်တိုဘာ ၂၅ ကနေ နိုဝင်ဘာ ၇ ရက်ထိ တပိုင်းနဲ့ နိုဝင်ဘာ ၁၃ ကနေ ၂၄ ထိ တပိုင်း အပိုင်း ၂ ပိုင်း သတ်မှတ်လေ့ကျင့်မယ်လို့ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန် ဘာ့ဂ်က ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular