၈ ပွဲဆက် ဂိုးပေါက်ပျောက်နေသည့် မန်ယူတိုက်စစ်မှူး လူကာကူ ဝေဖန်ခံရ

၈ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့တဲ့ မန်ယူတိုက်စစ်မှူးလူကာကူကို ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက ဝေဖန်နေကြပါတယ်။ တိုက်စစ်မှူးလူကာကူဟာ ဂျူဗင်တပ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့သလို ဘောလုံးပေးပို့မှုနဲ့ပတ်သက်ပြီးလည်း ဝေဖန်ခံနေရပါတယ်။ ဂျူဗင်တပ်နဲ့ပွဲမှာ လူကာကူ ဘောလုံးပေးပို့ပုံ တိကျမှုမရှိခဲ့တာဟာ   ဆိုးရွားလွန်းပြီး အထောင်တိုက်စစ်မှူး တယောက်အနေနဲ့ အဲဒီလို ဆိုးရွားတဲ့ ပေးပို့မှုမျိုး အရင်က မတွေ့ခဲ့ဖူးဘူးလို့ ၁၉၈၈ ကနေ ၁၉၉၆ ခုနှစ်အထိ မန်ယူအသင်းမှာကစားခဲ့တဲ့ ကွင်းလယ်ကစား သမားဟောင်း လီးရှာပီကဆိုပါတယ်။ လူကာကူအနေနဲ့ ကမ္ဘာ့ဖလားကတည်းက ပွဲတွေဆက်တိုက် ကစားခဲ့ရလို့ ပွဲပန်းနေဟန်ရှိပြီး အားလပ်ရက်နှစ်ပတ်လောက်ပေးလိုက်တာက အကောင်းဆုံးဖြစ်နိုင် တယ်လို့လည်း ပြောပါတယ်။ လူကာကူရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေမှာလည်း ဝေဖန်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up