မလေးရှားနိုင်ငံ အင်တာနက်လွတ်လပ်ခွင့် ခြိမ်းခြောက်မှု ခံနေရပါသလား
DVB
·
August 23, 2012

မလေးရှားနိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့်က ခြိမ်းခြောက်မှု ခံနေရပါသလား။ ဒါဟာ ဧပြီလတုန်းက ဥပဒေ ပုဒ်မ အသစ်တရပ်ကို ‘သက်သေအထောက်အထား အက်ဥပဒေ’ ထဲကို ထည့်သွင်းလိုက်ချိန်မှာ မလေးရှားလူမျိုးတွေ တော်တော်များများ မေးမြန်းကြတဲ့ မေးခွန်းပါ။ အဲ့ဒီဥပဒေအရ လူတယောက်က သူပိုင်တဲ့ အင်တာနက် network ဒါမှမဟုတ် ကွန်ပျူတာမှာပါတဲ့ အကြောင်းအရာ၊ ဘယ်အရာကိုမဆို သူ့မှာ တာဝန်အပြည့်အ၀ ရှိတယ်ဆိုတာကို တရားဝင် ယူဆလို့ ရသွားပါပြီ။
ဒါကြောင့် internet cafe ဆိုင် တဆိုင်မှာ ပိုင်ရှင်ဖြစ်သူက လာရောက်သုံးစွဲသူတွေအတွက် ကြိုးမဲ့ ၀ိုင်ဖိုင်နည်းပညာကို အခမဲ့ ပံ့ပိုးပေးထားမိရုံနဲ့ သူ့ကွန်ယက်ကနေ အွန်လိုင်းမှာ အသရေပျက်စေတဲ့ အကြောင်းအရာတွေ ပါသွားခဲ့ရင် အဲဒီ internet cafe ဆိုင်ပိုင်ရှင်ကို တရားရုံးထိ တင်နိုင်မှာဖြစ်ပါတယ်။
ဒီဥပဒေသစ်ဟာ မလေးရှားက အင်တာနက်သုံးသူတွေအပေါ် ဂယက်ရိုက်မှုတွေ ရှိနေ မလားလို့ အေးရှားကောလင်း သတင်းထောက် ကလဲရန့်စ်ချွာက စုံစမ်းတင်ပြထားပါတယ်။