ဗီယက်နမ်တွင် ဝင့်ဖူထရွန်ကို သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်

ဗီယက်နမ် အမျိုးသားညီလာခံက လက်ရှိအာဏာရပါတီရဲ့ အတွင်းရေးမှူးချုပ် ဝင့်ဖူထရွန်ကို သမ္မတအသစ် အဖြစ် အောက်တိုဘာ ၂၃ ရက်မှာ ရွေးကောက် တင်မြှောက်လိုက်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ထရွန်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးဆောင်လုပ်ကိုင်ခဲ့သူတဦးဖြစ်ပြီး ဗီယက်နမ်ကို တည်ထောင်သူနဲ့ တော်လှန်ရေး ခေါင်းဆောင် ဟိုချီမင်းပြီးရင် တာဝန်နှစ်မျိုးယူထားတဲ့ ပထမဆုံး ဗီယက်နမ် ခေါင်းဆောင် ဖြစ်လာပါတယ်။ သမ္မတသစ်တက်လာပေမယ့် ဗီယက်နမ်ရဲ့ မူဝါဒတွေထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေတော့ ချက်ချင်းလုပ်ဦးမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ဗျူဟာလေ့လာရေးအဖွဲ့ IISS ရဲ့ အဖွဲ့ဝင် ဟားဟွမ်ဟုပ်က ပြောပါတယ်။ သမ္မတသစ်ဟာ ဗီယက်နမ်ရဲ့ ထိပ်တန်း ကုန်သွယ်ဖက် နှစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်တို့နဲ့ ဆက်ဆံရေးကို ထိန်းထားလိမ့်မယ် ဒါပေမယ့် ဘယ်ဘက်ကိုမှ ယိမ်းမှာ မဟုတ်ဘူးလို့လည်း  ဆက်ပြောပါတယ်။ သမ္မတဟောင်း ထရန်ဒိုင်ကွမ်းဟာ ကာလကြာရှည် နာမကျန်းဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်က ကွယ်လွန်သွားခဲ့တာပါ။ ထရွန်ဟာ အာဏာရပါတီ အကြီးအကဲအဖြစ် ၂၀၁၁ တည်းက တာဝန်ယူခဲ့ပြီး ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ ပါတီ၊ နိုင်ငံနဲ့ ပြည်သူကပေးတဲ့ တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ကြိုးစားမယ်လို့ ကတိပေးပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up