A d v e r t i s e m e n t With Us

ထိတ်လန့်ဖွယ် ချောက်ကမ်းပါးစွန်းမှ ကမ္ဘာ့အမြင့်ဆုံး ဖန်သားဓာတ်လှေကား(ရုပ်သံ)

ကြောက်ရွံ့ထိတ်လန့်ဖွယ် ချောက်ကမ်းပါးစွန်းမှာ တည်ဆောက်ထားတဲ့ ဖန်သား ဓာတ်လှေကားကို သင်တို့ တွေ့ဖူးကြပါသလား။ ဒီဓာတ်လှေကားကတော့ တရုတ်နိုင်ငံမှာ အမှန်တကယ် ရှိနေတာပါ။ ဂင်းနစ်စံချိန် စံညွှန်းတွေနဲ့အညီ တည်ဆောက်ထားတဲ့ အဲဒီဖန်သား ဓာတ်လှေ ကားဟာ ဇန်ကျားကျိခရိုင်၊ ၀ူလင်ယွမ်ဒေသထဲမှာ တည်ရှိတယ်လို့ စီဂျီတီအဲန်သတင်းမှာ အောက်တိုဘာလ ၂၃ ရက်က ဖော်ပြပါတယ်။ အမြင့်ဆုံးဖြစ်တဲ့အပြင် မြန်နှုန်းလည်း မြင့်တဲ့ ဒီဓာတ်လှေကားဟာ အမြင့်ပေ ၁၀၇၀ ကို အချိန် တမိနစ်အတွင်းမှာ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်လှေကားစီးနင်းအသုံးပြုသူတွေအနေနဲ့ လေးဘက်လေးတန်ကနေ ဘေး  ပတ်ဝန်းကျင်မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နေရမှာဖြစ်ပြီး လူဦးရေ ၆၄ ယောက်အထိ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up