Home
မြန်မာသတင်း
လေဖြတ်​​၊ အာရုံ​ကြော​ရောဂါသည်များကို ရွှေမှုန်​နာ​ရေးကူညီမှုအသင်းက အပ်စိုက်ကုသပေးနေ
ညီငယ်
·
October 24, 2018
44733952_2064675826926273_7226498851677405184_o
44602285_2064675313592991_8677270763394301952_o
လေဖြတ်​​လေငန်း​ရောဂါ၊ အာရုံ​ကြော​ရောဂါ​နဲ့ အ​ကြော​ရောဂါ ​ဝေဒနာသည်​​တွေအတွက်  အပ်​စိုက်​ကုပညာရှင်​​တွေက ​ရွှေမှုန်​နာ​ရေးကူညီမှုအသင်းရဲ့စီစဉ်​မှုနဲ့ ဟင်္သာတခရိုင်​မှာ ဆေးကုသ ပေးနေပါတယ်။ ဟင်္သာတခရိုင်​၊ ​ရွှေသာလျောင်း​ကျေးရွာမှာ ​အောက်​တိုဘာ ၂၃ ရက်​​မှ ၂၆ ရက်​​အထိ အပ်​စိုက်​ကုနဲ့ တိုင်းရင်း​ဆေးကုသမှု အလှူပွဲကို ၄ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ အပ်​စိုက်​ကုပွဲကို ဆရာကြီး ဦး​မောင်​​မောင်​လှိုင်​ဦးစီးတဲ့ မြန်​မာနိုင်​ငံ အပ်​စိုက်​ကု ပညာရှင်​များအသင်းက အပ်​စိုက်​ကုပညာရှင်​ ၂ဝ ​ကျော်​က ​ရွှေသာ​လျောင်း​ကျေးရွာ အပါအဝင်​ အနီးအနားရွာ​တွေက လူနာ​တွေကို အပ်​စိုက်​ကုသ​ပေးတဲ့အပြင်​ မြန်​မာတိုင်းရင်း​ဆေး​တွေပါ အခမဲ့​ဝေ ပေးခဲ့ကြပါတယ်​။ အပ်​စိုက်​ဆေးကုအလှူပွဲကို မျှ​ဝေခံစားတွဲလက်​များအဖွဲ့ကလည်း ကူညီပံ့ပိုး​ပေး​နေပြီး တနေ့ကို ဝေဒနာရှင်  ၂ဝဝ နီးပါး လာ​ရောက်​ဆေးကုသမှုခဲ့ယူနေကြတယ်လို့ သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024