Homeရုပျသံ
မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကိုနှင့် အိချောပိုတို့ ပါဝင်သည့် ကြေးကြီးတယ်ရုပ်ရှင်(နမူနာ)
မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကိုနှင့် အိချောပိုတို့ ပါဝင်သည့် ကြေးကြီးတယ်ရုပ်ရှင်(နမူနာ)
DVB
·
October 24, 2018
ဥပဒေကို လူတိုင်းလေးစားလိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်းကို အသားပေး ရိုက်ကူးထားတဲ့ ကြေးကြီးတယ်အမည်ရတဲ့ မြန်မာရုပ်ရှင်ကားကို လာမယ့် အောက်တို ဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ R Square ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ ၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး ကြေး ကြီးတယ်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကားထဲက ကြေးကြီးသူက ဘယ်သူဖြစ်မလဲ။ ဒါရိုက်တာ စတီးလ်ရဲ့ ထုံးစံအတိုင်း ဘယ်လိုထူးခြားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ စောင့်မျှော်ကြည့် ရှုကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မြင့် မြတ်၊ နေမျိုးအောင်၊ ဇွဲနိုင်ဝင်း၊ ထွန်းကိုကို၊ အိချောပိုတို့က ခေါင်းဆောင် ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။
ကြေးကြီးတယ် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ လည်း Facebook အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့တာပါ။