DVB Logo
Home
မြန်မာသတင်း
က၀မြို့နယ် ရေကြီးမှု ဆိုးဝါးနေဆဲ
DVB
·
August 22, 2012
က၀မြို့နယ် ရေကြီးမှု ဆိုးဝါးနေဆဲ
Donate to DVB

ပဲခူးတိုင်း က၀မြို့နယ်မှာ ရေကြီးတာ ၁ လလောက်ရှိပေမယ့် မကျသေးတဲ့အတွက် ကျေးရွာအတော်များများ ရေဘေးဒုက္ခရောက်နေပြီး လယ်မြေဧကများစွာ ပျက်စီးနေပြီလို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

[caption id="attachment_29613" align="alignleft" width="300" caption="က၀မြို့နယ် ရေကြီး"][/caption]

က၀မြို့နယ်မှာ ကျေးရွာပေါင်း ၁၃၆ ရွာတဲ့အနက် ရွာပေါင်း ၆၀ လောက် ရေမြုပ်နေပြီး လက်ရှိ မိုးမရွာတော့ပေမယ့် ရေမကျဘူးလို့ ရေဘေးဒုက္ခသည်များကို ကူညီနေတဲ့ ဦးနေ၀င်းက ပြောပါတယ်။

ဒီလိုရေမကျတာဟာ အစိုးရ အဆက်ဆက်က မြစ်ချောင်းအင်းအိုင်တွေကို ပြုပြင်ထိန်းသိမ်းတာ မရှိခဲ့လို့ဖြစ်တယ်လို့ သူက အခုလို ပြောပါတယ်။

“အခုဟာက တလနီးပါးရှိသွားပြီ ပြန်မကျတာ။ မိုးတွေ အများကြီး ရွာတာ မဟုတ်ဘဲနဲ့။ ဆည်မြောင်းတာတမံတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာပေါ့။ ချောင်းမြောင်းတွေကနေ ကမ်းတွေပြိုတဲ့မြေကြီးတွေကနေ ချောင်းအောက်ဘက်က မြင့်တက်လာတာပေါ့။ အဲဒါကို တူးဖော်ခြင်းမရှိတာ နှစ်ပေါင်း ၅၀ ကျော်လောက် ရှိသွားတဲ့အခါကျတော့ ရေမျက်နှာပြင် မြင့်တက်လာတာပေါ့ဗျာ။ ရပ်ကွက်တွေ၊ ကျေးရွာတွေထဲကို ၀င်ကုန်တာပေါ့။”

ဒါ့အပြင် က၀မြို့နယ်ထဲမှာ လယ်ဧက သောင်းချီ ရေနစ်မြုပ်ပျက်စီးနေပြီး ရေကြီးကတည်းက ပိတ်ထားရတဲ့ စာသင်ကျောင်းတွေလည်း ပြန်မဖွင့်နိုင်သေးဘူးလို့ ဆိုပါတယ်။

က၀မြို့နယ်အတွင်းမှာ အိမ်ခြေ ၂၅၀၀ ကျော်၊ လူဦးရေ ၁၅၀၀၀ ကျော်ဟာ ရေဘေးဒုက္ခ ရင်ဆိုင်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေကြီးမှုကြောင့် ဒေသခံတွေ အအေးမိပြီး တုပ်ကွေးနဲ့ ၀မ်းပျက် ရောဂါတွေ ဖြစ်နေပြီး တချို့အိမ်ငယ်တဲ့သူတွေဟာ ချက်ပြုတ်စရာ နေရာမရှိဘဲ အလှူရှင်တွေကိုပဲ မျှော်ကိုးနေကြရပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကို ထားဖို့ နေရာမရှိတဲ့အတွက် မတန်တဆ ဈေးနှိမ်ရောင်းနေကြရတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်နေ့ကတည်းက ရေကြီးရေလျှံမှုဖြစ်ပြီး အိမ်ခြေ ၁၀၀၀ ကျော်လောက် ရေနစ်မြုပ်နေပါတယ်။ ရေဘေးဒုက္ခသည်တွေကို လူမှုရေးအဖွဲ့တွေက အစားအသောက်အတွက် ကူညီပေးနေပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်တွေမှာ အအလားတူ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး မိုးဆက်ရွာနေတဲ့အတွက် ရေမကျသေးဘဲ တင်နေတယ်လို့ အန်အယ်လ်ဒီ သွေးကူညီပေးရေးအဖွဲ့ဝင် ကိုညီညီက ပြောပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာ  မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၃.၇ ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ရွှေကျင်မြစ်ရေဟာလည်း ရွှေကျင်မြို့မှာ ၇ လက်မခန့် ကျော်လွန်နေပြီး ဒီနေ့မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/kawa/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013