မက္ကဆီကို အရက်ချက်စက်ရုံတရုံ မီးလောင်ပေါက်ကွဲ

2.1K
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးရှိ အရက်ချက်စက်ရုံတရုံမှာ အောက်တိုဘာ ၂၂ ရက်က မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
စက်ရုံက လှောင်ကန်တခု ဒေသစံတော်ချိန် ညနေ ၄နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံအနည်းဆုံး အယောက် ၂၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ထားရတယ်လို့ မက္ကဆီကို မီဒီယာတွေမှာ ဖော်ပြပါတယ်။