မီလန်ကိုဗစ်ကို ပေါင်သန်း ၄ဝ ဖြင့် ခေါ်ယူရန် မန်ယူ ဆန္ဒရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံလူ မီလန်ကိုဗစ်ကို ပေါင်သန်း ၄ဝ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အသင်းနည်းပြ မော်ရင်ဟိုဟာ  ဆားဘီးယားနဲ့ မွန်တီနီဂရိုးတို့ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဆားဘီးယားလက်ရွေးစင် မီလန်ကိုဗစ်ရဲ့ ခြေစွမ်းကို သွားရောက်ကြည့်ရှုခဲ့တာကြောင့် အပြောင်အရွှေ့သတင်းတွေ ထွက်ပေါ်လာတာပါ။ အရပ် ၆ ပေ ၅ လက်မရှိပြီး အသက် ၂၁ နှစ်ပဲရှိသေးတာကြောင့် တောက်ပလာမယ့် လူငယ်ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး မန်ယူအသင်းအပြင် ဂျုဗင်တပ် အသင်းကလည်း ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။ ဖီအိုရင်တီနားဘက်ကတော့ ပြောင်းရွှေ့ကြေးပေါင် သန်း ၄ဝ အထက် ရဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမူပမာဏထက် ပေါင် ၁ဝ သန်းပိုများတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up