A d v e r t i s e m e n t With Us

ချဲလ်ဆီးလက်ထောက်နည်းပြ လန်နီ၏လုပ်ရပ်အပေါ် ဖီးလ်နဗီးလ်ဝေဖန်

မော်ရင်ဟိုရဲ့ရှေ့မှာ အောင်ပွဲခံခဲ့တဲ့ ချဲလ်ဆီးလက်ထောက်နည်းပြ လန်နီကို အသင်းက နေထုတ်ပယ်သင့်တယ်လို့ အင်္ဂလန်အမျိုးသမီးအသင်းရဲ့ နည်းပြ ဖီးလ်နဗီးလ်က ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးမှာ ချဲလ်ဆီးကချေပဂိုး သွင်းပြီးနောက် လက်ထောက်နည်းပြ လန်နီက မော်ရင်ဟိုရဲ့ရှေ့ကို လာရောက်ပြီး အကြီးအကျယ် အောင်ပွဲခံခဲ့တာပါ။ ချဲလ်ဆီးလက်ထောက်နည်းပြ လန်နီရဲ့အပြုအမူဟာ ရှက်စရာကောင်းပြီး  နှိမ့်ချတဲ့စိတ်မရှိသလို အဆင့်မရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ချဲလ်ဆီးအအသင်းအနေနဲ့ ထုတ်ပယ်ပြီး အရေးယူသင့်တယ်လို့ ဖီးလ်နဗီးလ်က ပြောကြားခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကလည်း လန်နီရဲ့ လေးစားမူမရှိတဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပေမယ့် နည်းပြချုပ် ဆာရီရော၊ လက်ထောက်နည်းပြလန်နီက ပါတောင်းပန်ခဲ့တဲ့အတွက် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးဆုံးသွားပြီလို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up